နှလုံးသားရပ်ဝန်း အပိုင်း၃၆ (Zg&Uni)

16.2K 359 6
                                    

Unicode...

" ဟော...သမီးပျားရည်ပြန်လာပြီလား
အန်တီကညနေမှသားနဲ့အတူပြန်လာမယ်ထင်နေတာ "

" မိုင်ကအလုပ်လေးနည်းနည်းရှုပ်နေတာနဲ့ပြန်လာလိုက်တာ "

" ထမင်းကောစားပြီးပြီလား "

" ဟုတ်။ ပြီးပြီ "

" အေးအေး အဲ့တာဆိုလဲအိမ်ပေါ်တတ်နားတော့လေ "

" ရပါတယ်အန်တီရဲ့ သမီးလုပ်စရာရှိတာလေးတွေ
ကူလုပ်ပေးမယ်လေ "

" အမယ်လေးမလုပ်ပါနဲ့သမီးရယ် သားမိုင်ပြန်လာရင်
အန်တီတို့ကိုပြောနေပါဦးမယ် "

" မဟုတ်တာအန်တီရယ်သူ့စကားကိုနားထောင်မနေနဲ့
သမီးလဲအားနေတာပဲကူပါရစေနော် "

" ကဲ အဲ့တာဆိုလဲသမီးအဝတ်အစားလဲပြီး
ပြန်ဆင်းလာခဲ့ဟုတ်ပြီလား..."

" ဟုတ် "

ဘာပဲဖြစ်ဖြစ်ညစ်နေတဲ့စိတ်လေးကိုအိမ်အလုပ်လုပ်ရင်းဖြေ‌ဖျောက်ဖို့ကြိုးစားရမည်မဟုတ်လားတယောက်ထဲအခန်းထဲ‌ နေရင်လဲပျင်းဖို့ကောင်းလွန်းသည် ။အိမ်ပေါ်ကိုထပ်ပြေးတတ်ရင်း အခန်းထဲဝင်ကာပေါ့ပေါ့ပါးပါးဖြစ်မဲ့အဝတ်တွေရွေးဝတ်၍ပြန်ဆင်းလာခဲ့လိုက်သည်။ဧည့်ခန်းထဲမှာအန်တီနှင်းဆီမရှိတာကြောင့်ထမင်းစားခန်းထဲကိုသွားပြီးရှာကြည့်တော့တွေ့ပါပြီအလုပ်ကူတွေတောင်ကူပေးတဲ့မိုင့်မေမေကို။

" အန်တီသမီးရောက်ပြီ ဘာကူလုပ်ပေးရမလဲ "

" အော်အေးသမီး လာလာဒီထိုင်ခုံမှာထိုင် "

" အန်တီတို့ဘာချက်ကြမလို့လဲဟင် "

" ညနေကျရင်ဖွားဖွားကမုန့်ဟင်းခါးလေးစားချင်တယ်ဆိုလို့
ချက်နေတာသမီးရဲ့..."

" သမီးဘာကူလုပ်ပေးရမလဲ "

" မီးပူနေတဲ့နားတော့မကပ်နဲ့ ဒီနားမှာထိုင်ပြီး
ကြက်သွန်နီလေးပဲနွှာပေး ရတယ်မှတ်လား "

" ဟုတ်ဟုတ် "

ဇကာသေးသေးလေးထဲမှာရှိနေတဲ့ကြက်သွန်နီတွေကိုတစ်လုံးချင်းယူကာစိတ်ပြေလက်ပြေထိုင်နွှာနေလိုက်သည်။ ပထမတစ်လုံး နှစ်လုံးလောက်ကတော့အေးဆေးပါ တဖြည်းဖြည်းကြာလာတော့မျက်လုံးတွေစပ်ကာမျက်ရည်တွေပါကျလာရတော့သည်ား။ မိုင်ကြောင့်မငိုရပဲအခုမှကြက်သွန်နီနွှာငိုနေရတာကြီးကတော့မဟုတ်သေးပါဖူး ဘာပဲဖြစ်ဖြစ်ကြက်သွန်နီလေးတောင်အဖြစ်ရှိအောင်မခွာနိုင်ဖူးလို့ယောက္ခမကအမြင်စောင်းသွားမှာမလိုချင်တာကြောင့် ကြိုးစားပြီးမျက်လုံးပြူးကာနွှာနေလိုက်သည်။ဒါပေမဲ့ မျက်လုံးကဘယ်လိုဒဏ်မခံနိုင်မွှန်တာရောစပ်တာပါရော်သွားကာမျက်လုံးတွေမဖွင့်နိုင်တော့တဲ့အချိန်ကြက်သွန်နဲ့လက်ကိုမှားထိသွားသည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now