နှလုံးသားရပ်ဝန်း အပိုင်း၃၇(Zg&Uni)

18K 407 17
                                    

Unicode...

မနေ့ညကတော်တော်နဲ့အိပ်မရတာကြောင့် မနက်ကျတော့လဲတော်တော်နောက်ကျမှနိုးတော့သည်။ လက်ထပ်ပွဲကလဲနီးပြီဆိုတော့အလုပ်လဲသွားမနေတော့ပါ အရေးကြီးကိစ္စရှိမှသာခန့်ပိုင်ကိုMailပို့ခိုင်းဖို့ပြောလိုက်တော့မည်။အိပ်ယာပေါ်ကနေအကျောဆန့်ကာထလာပြီး မကြည်မလင်ဖြစ်နေတဲ့စိတ်ကိုသက်သာအောင်
ရေချိုးခန်းဆီကိုထလာခဲ့တော့သည့် ပြီးတော့အရင်နိုးထနေတဲ့ညီလေးပြသနာကိုလဲဖြေရှင်းရဦးမည်။

" မင်းကလဲနော်အမြဲကိုထကြွနေတာ
မင်းကိုကြီးနဲ့အချစ်ကလေးကရန်ဖြစ်ထားတယ်အခုတလော
မင်းကိုလဲညီမလေးဆီအလည်ခရီးမနှင်ခိုင်းနိုင်သေးတာ
Sorry ညီလေးရာ..."

တစ်မိုးတစ်ယောက်မိုင်မင်းခေါင်ပါလေ ကိုယ့်အောက်ကပစ္စည်းကိုစကားတွေပြောနေတာအရူးကြီးကြနေတာပဲ။ကိုယ့်ကိုလဲတခါတလေအလုပ်တွေတအားလုပ်လွန်းလို့ရူးနေပြီလားလို့တောင်ထင်မိပါသေးတယ် ။အကြောထောင်နေတဲ့ကိုတွင်းအောင်းမခိုင်းနိုင်သေးတော့လက်သမားဘဝနဲ့အရင်ဖြေရှင်းလိုက်တာလက်ပါ‌ ညောင်းတဲ့အထိပဲ။ နှောက်နေတဲ့စိတ်တွေကိုကြည်အောင်ခေါင်းပါလျှော်လိုက်တော့ခန္ဓာကိုယ်နဲ့‌ ခေါင်းဟာပေါ့ပါးကာလန်းသွားတော့သည်။

ရုံးလဲမသွားရဖူးဆိုတော့ဒီနေ့တော့ဟိုကောင်တွေကိုလဲမတွေ့တာကြာလို့သွားတွေ့ရမည်ပြီးရင်အချစ်လေးကိုလဲချော့ရမည်။RSတစ်ခုမှာဘယ်သူဘက်ကပဲစမှားမှားယောက်ျားလေးဘက်ကသာစချော့ရတာသဘာဝမလို့ကိုယ့်ဘာသာကိုဒေါသထွက်ပြီးစိတ်ကောက်အခုတော့ကိုယ့်ဘာသာကိုအရင်ချော့ရတော့မည် တတ်လဲတတ်နိုင်လွန်းသည့်သူပါလေ။

ခါတိုင်းဝတ်နေကျOver Sizeအကျီအမဲနဲ့ဘောင်းဘီခပ်ပွပွကိုတွဲဖက်ဝတ်ပြီးရေ‌မွှေးဆွတ်လိုက်သည်။အရင်ကခပ်ပွပွWavy Hairတို့ဟာအခုဆိုတော်တော်ရှည်ပြီးရေထိထားတော့ကောက်ကောက်လေးတွေဖြစ်နေ၏။ လူကယောက်ျားတန်မဲ့စိတ်ခနခနကောက်တော့ဆံပင်တွေပါကောက်ချင်နေပုံရတယ်။ နှုတ်ခမ်းနားကဂွင်းတွေမျက်ခုံးပေါ်ကအသီးတွေကိုတတ်နေကျဟာတွေရိုးသွားတာကြောင့်ဟိုတလောကမှအသစ်ဝယ်ထားတဲ့ဟာလေးတွေကိုပြောင်းလိုက်တော့သည်။ မှန်ထဲကကိုယ့်ပုံကိုကြည့်ရင်းသဘောတကျကျနဲ့စကားတွေပြောနေမိပြန်တယ်...

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now