နှလုံးသာရပ်ဝန်း အပိုင်း၃၉(Zg&Uni)

15.4K 357 20
                                    

Unicode...

ရောင်ခြည်နွေးနွေးဟာလှပစွာကမ္ဘာမြေပေါ်သို့ဖျာကျနေသည့်နေ့တစ်နေ့ဟာပျားရည်နဲ့သူ့၏မဂ်လာရက်မြတ်လက်ထပ်ထိမ်းမြားမည်နေ့ဖြစ်သည် ။အမြန်စီစဉ်လိုက်တဲ့ပွဲဖြစ်သည့်မလို့ခန်းမတွေဘာတွေနဲ့လုပ်မနေတော့ပဲ ဟိုးငယ်ငယ်တုန်းကသူတို့အချစ်ဇာတ်လမ်းကိုအစပြုပေးခဲ့တဲ့ စံအိမ်ခြံဝန်းထဲမှာပဲအဖြူရောင်နှင်းဆီပန်းတို့ဖြင့်လှပစွာပြင်ဆင်ထားသည် ။ဒီခြံဝန်းထဲမှာအမှတ်တရတွေအပြည့်မှာ ကလေးဘဝမှာအတူတူပြေးလွှားကစားခဲ့ရသလို့ ၁၆နှစ်အရွယ်တွင်စေ့စပ်ခဲ့ရသည့် နောက်တခါဖွားဖွားကောင်းမှုကြောင့်လက်ထပ်မဲ့ရက်ကြေငြာခဲ့ရာနေရာဖြစ်သည့်အပြင် နောက်ဆုံးပျော်ရွင်စွာပေါင်းဖက်လေသတည်းဆိုပြီးတသက်လုံးလက်တွဲသွားမည်အသိအမှတ်ပြုမဂ်လာပွဲလေးကိုကျင်းပရာနေရာလေးဖြစ်ခဲ့သည် ။ အခုချိန်မှာကမ္ဘာပေါ်မှာအပျော်ရွင်ဆုံးလူသားဟာ မိုင်မင်းခေါင်ဆိုတဲ့သူဆိုတာအသေချာဆုံးဖြစ်နေလိမ့်မည် ။

သတို့သားဝတ်စုံကိုသူ့ဘာသာသူမှန်အရှေ့တွင်ပြုံးရွင်ကာဝတ်ကြည့်နေစဉ်အခန်းထဲကိုဝင်လာတဲ့ ဟိုသုံးကောင်။ဝင်လာတာနဲ့အခန်းထဲအသံတွေဆူညံ့နေတော့တာပဲ...

" ဟယ်လို....ချောလိုက်တာကွာ
  ငါ့ကောင်ကြီးကစောက်ရမ်းမိုက်တယ် "

" အေးကွာ ဒီကောင်ကြည့်ပြီးငါပါမဂ်လာဆောင်ချင်လာပြီ "

" မင်းမှာစော်ရှိလို့လား "

ကောင်းခန့်ဟာမိုင်ရဲ့အသွင်အပြင်ကိုကြည့်ပြီးချီးမွှမ်းခန်းဖွင့်နေစဉ်လင်းမြတ်ရဲ့စကားကြောင့်သူရိန်ဟာ ထဖောက်လိုက်ခြင်းဖြစ်သည် ။

"  သူရိန် မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း "

" နေစမ်းပါဦးသူရဲ့ မနှင်းဆီကဘယ်ရောက်သွားတာလဲ "

" ဦးမြတ်မင်းခေါင်စီလေ!!! "

" မင်းကိုငါ့ဒယ်ဒီကြားရင်လာထိုးနေလိမ့်မယ် "

ဟုတ်လဲဟုတ်တယ်လင်းမြတ်ရဲ့စော်နာမည်ကနှင်းဆီတဲ့ မာမီနာမည်ကလဲထိပ်ထားနှင်းဆီတူစရာရှားလို့နာမည်မှတိုက်တိုက်ဆိုင်ဆိုင်လာတူနေရတယ်လို့ တခါတလေလင်းမြတ်သူရဲ့စော်နာမည်ခေါ်တိုင်းမာမီသွားသွားသတိရမိတဲ့အဖြစ် ။အခုလဲဘာကြောင့်မှန်းမသိစော်နဲ့ပြတ်သွားတဲ့လင်းမြတ်ကိုဝိုင်းစနေကြတော့သည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now