နှလုံးသားရပ်ဝန်း အပိုင်း ၉ ( Zg & Uni)

21.4K 669 38
                                    

Unicode...

ဒီနေ့ဆို ရန်ကုန်ကိုပြန်ရောက်တာ၁လတောင်ရှိပြီ ကျောင်းလည်းပြန်တတ်နေရပြီး အကုန်လုံးကပုံမှန်လည်ပတ်နေဖြစ်သည်။ ပုံမှန်မဖြစ်တော့တာကတော့ မိုင်နဲ့ပျားရည်ရဲ့ ဆက်ဆံရေးပါ ဘာမှမဟုတ်တဲ့ကိစ္စလေးကို အရေးကြီးခွင်ကျယ်လုပ်တယ် ပြီးတော့ စကားလည်းမပြောတော့သလို ပျားရည်ကိုတွေ့ရင်တောင်မတွေ့သလို့ဘဲအမြဲရှောင်နေတယ် ။ သူ့ဒီလိုတွေလုပ်‌တာ သူ့ဖက်ကဘာမှမဖြစ်ပေမဲ့ ခံရတဲ့သူကဘယ်လိုခံစားနေရမလည်းသူ့မတွေးမိဖူးလားလို့မေးကြည့်ချင်သည်။ ဒါပေမဲ့လဲဘယ်တုန်းကကော ပျားရည်ခံစားချက်ကိုသူ့ထည့်တွက်ပေးခဲ့ဖူးလို့လည်း ပျားရည်ကသာအမြဲတစ်ဖက်သတ်ခံစားချက်တွေရူးနေခဲ့ရတာပါ။

အရင်ကရန်ဖြစ်ရင် ပျားရည်ဘက်ကပဲအရင်စခေါ်ခဲ့ပေမဲ့ အခုတော့မခေါ်ချင်တော့ဖူး ဘယ်လောက်ပဲချစ်ချစ် အနည်းဆုံးတော့မာနလေးရှိသင့်တယ်လေ သူ့ဘက်ကလည်းအရင်စခေါ်ဖို့ကြိုးစားကြည့်သင့်တယ်မဟုတ်လား ။

" နင်အခုတလော ဘာဖြစ်နေတာလည်း
မှိုင်‌ထွေနေသလို့ပဲ "

မုန့်ဈေးတန်းကနေအခန်းထဲပြန်လာတဲ့လမ်းမှာတောင် အသက်မပါသလို့ လမ်းလျောက်နေတဲ့ ပျားရည်ကို ရွှေရည်သတိထားမိသွားပါတော့သည်။

" ဘာမှမဖြစ်ပါ့ဖူး စာတွေလုပ်ရတာများသွားလို့ထင်ပါတယ်
စိတ်မပူနဲ့နော် "

" နင်ဘာမှမဖြစ်ရင်ပြီးရော "

ရွှေရည်ကပျားရည်အပေါ်တကယ်ကောင်းတဲ့သူငယ်ချင်းပါ။ စိတ်ချင်းနီးတယ်လို့တောင်ဆိုရမယ် ပျားရည် မျက်နှာတစ်ခုခုအလိုမကျရင်ဖြစ်သွားရင်တောင် ချက်ချင်းတန်းမေးလေ့ရှိသည်။ အမြဲလည်း ဂရုတစိုက်နဲ့ ကာကွယ်ပေးတတ်သေးတယ် ‌ရွှေရည်သာယောက်ျားလေးဆို ပျားရည်အများကြီးသဘောကျမိမှာသေချာပါသည် ။ ဒါပေမဲ့မဖြစ်သေးပါ ရွှေရည်သာယောက်ျားလေးဆိုရင်လည်း မိုင်ကြောင့် ပျားရည်အနားကပ်လို့ရမှာတောင်မဟုတ် ဘာမှမလုပ်ဘဲ ဒီတိုင်းရိုးရိုးစကားပြောနေရင်တောင် မျက်စီဆံပင်မွှေးဆူးနေတာမိုင်မင်းခေါင်ကလေ ပြသနာကိုဓာတ်ဆီလောင်းပြီးကိုရှာနေသူဖြစ်သည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now