နှလုံးသားရပ်ဝန်း အပိုင်း ၂၃ ( Zg& Uni )

19.8K 481 46
                                    

Unicode...

" ဒီနေရာဆိုတာသေချာလို့လား "

" သေချာပါတယ်  ကောင်းခန့်ကိုယ်တိုင်
သေချာလမ်းညွှန်လိုက်တာ "

" လမ်းကမခင်းရသေးတာလား
ရွှံ့တွေနဲ့ ကားဝင်လို့လဲ ရမယ်မထင်ဖူးနော် အချစ် "

" မရရင် ဒီနေရာမှာရပ်လိုက်ပေါ့
လမ်းလျောက်သွားလဲရတာပဲ ပွစိပွစိ လုပ်မနေနဲ့ "

" လမ်းလျောက်သွားရင်ဖိနပ်ကို ရွှံ့တွေပေကုန်မှာပေါ့ "

ကားထဲကနေအောက်ကိုတောင်မဆင်းသေးပဲ တံခါးပေါက်ကနေ ခေါင်းလေးထွက်ကြည့်လိုက် လမ်းကိုကြည့်လိုက်နဲ့ သူ့ဖိနပ်ရွံ့းပေမှာကြောက်ပြီးပြောနေပြန်တဲ့ မိုင်ကို ပျားရည်တကယ်စိတ်မရှည်တော့ပါ တလောကလုံးမှာ သူပဲအသန့်ပြန့်ကြိုက်ဆုံးလူသား ဂဂျီဂဂျောင်ကိုနိုင်လွန်းအားကြီးသည်။

" မိုင်မင်းခေါင် ! ငါစိတ်အတော်ရှည်လာပြီနော် နင်ဒီမှာပဲ
စောင့်နေချင်ရင် နေလိုက်တော့ "

" စတာ စတာ အချစ်ကလေးကလဲ စိတ်ကြီးပဲ "

တကယ် အဘိုးကြီးပေါက်စလိုပဲ တောက်လျှောက်ကိုပြောနေတော့တာပဲ ရုပ်တည်ကြီးနဲ့အော်ချလိုက်မှငြိမ်ကျသွားတော့တယ်။
ကောင်းခန့်ရဲ့ စေလွှတ်မှုကြောင့် မိုင်နဲ့ပျားရည်မှာ သူ့ကောင်မလေးရဲ့ ရပ်ကွက်ကိုလာရခြင်းဖြစ်သည် ။ အိမ်မပိုင်တဲ့ ပထမနှစ်ကျောင်းသူလေးကိုကြိုက်ထားတော့ သူမှာတွေ့ချင်တိုင်းမတွေ့ရ ဒုက္ခ‌ပင်လယ်ကိုဝေနေတော့တာ သူ့ကိုယ်တိုင်သွားခေါ်ဖို့ကလဲ ဘယ်လိုမှမဖြစ် ကောင်မလေးအိမ်ကနည်းနည်းစည်းကမ်းတယ်တဲ့လေ ရည်းစားထားတာလဲမကြိုက်တော့ ကောင်းခန့် ခမျှ ပျားရည်တို့မှမကယ်ရင်မရတော့ပါ ။ ပထမက ရက်တွေက လင်းမြတ်နဲ့ နှင်းဆီကသွားခေါ်ပေးတယ် နောက်2ရက်ခြားတော့ သူရိန်နဲ့ ရွှေရည် အခုနောက်ဆုံးအလှည့်ကျကတော့ မိုင်နဲ့ပျားရည်ပေါ့သမိုင်းပေးတာဝန်လေးကိုအကျိုးတော်ဆောင်ရဦးမည်။

" အချစ် ခနနေဦး ကိုယ်ဖုန်းပြောလိုက်ဦးမယ်
ကိုယ့်နားမှာရပ်နေ ထီးလဲဆောင်းထား မိုးဖွဲ့တွေကျနေတယ် "

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now