နှလုံးသားရပ်ဝန်း အပိုင်း၂၀ (Zg & Uni )

22.8K 578 65
                                    

Unicode...

ညနေ ၆နာရီအတိမှာ မိုင်ဟာ ပျားရည် ကွန်တိုအောက်ဆီကိုရောက်နေပြီဖြစ်သည် ။ သူတစ်ယောက်ထဲမဟုတ်ပါ ခန့်ပိုင်လည်းပါသေးသည့် တခြားတော့မဟုတ်ပါဖူး မိုင်ကဒီနိုင်ငံကကားလိုင်စင်မရသေးတာကြောင့် ကားမောင်းတဲ့အခါ အခက်မတွေ့ရအောင် ခန့်ပိုင်ကိုခေါ်လာရခြင်းဖြစ်သည့် အလုပ်လုပ်ချိန်ပြီးပေမဲ့ မိုင်ခိုင်းသမျှ အကုန်နားထောင်ပေးပြီး လုပ်ပေးတဲ့ သူကို ကျေးဇူးတင်သလို့ အားလည်းနာရသည် ။ ပျားရည် မဆင်းလာခင် ကားပေါ်ကဆင်းပြီး ကားကိုမှီကာ ဖုန်းကိုကြည့်နေချိန် ခန့်ပိုင်ကပါ မိုင်အနားရောက်လာသည် ။

" ဆေးလိပ်သောက်တတ်လား Boss ! "

" သောက်တတ်ပါတယ် ဘာလို့လည်း ! "

" ဘာမှမဟုတ်ပါဖူး ကျွန်တော် ဆေးလိပ်
သောက်မလို့ Bossကောသောက်မလားလို့
မေးကြည့်ရုံပါ ! "

" အင်းသောက်မယ် တစ်လိပ်ပေး ! "

ကမ်းပေးတဲ့ ဆေးလိပ်ကို မိုင် နှုတ်ခမ်းမှာတေ့လိုက်တဲ့အခါ ခန့်ပိုင်ဟာ အလိုက်သိစွာ ‌မီးညှိပေးလေသည့် ဆေးလိပ်ကို တစ်ချက်ဖွာကာ အငွေ့တွေမှုတ်ထုတ်လိုက်ပြီး ခန့်ပိုင်ကြည့်ပြီး ပြုံးပြလိုက်သည် ။

" ကျေးဇူးပဲ ! "

" ရပါတယ် ! "

ဘာစကားမှထပ်မပြောကြတော့ပဲ တိတ်ဆိတ်သွားပြန်တယ် ဆေးလိပ်သောက်လိုက် ဖုန်းကြည့်လိုက်လုပ်နေတဲ့ မိုင်ဟာ သူကို ခပ်ဝေးဝေးနေရာက လှမ်းကြည့်နေတဲ့ ခန့်ပိုင်ကိုတော့ သတိပြုမိမယ်မထင်ပါ ။

" မိုင် ! "

ချိုလွင်သောအသံသေးသေးဟာ သူရဲ့နာမည်လေးကိုခေါ်လိုက်ချိန် မိုင်ရဲ့နှုတ်ခမ်းသားတွေဟာ အလိုလို ပြုံးရွင်သွားရသည် ။သူရဲ့အသဲသက်လေးဟာ ဒီနေ့အတော် ချစ်ဖို့ကောင်းနေသည် အဝါရောင် တီရှုပ် အပွကို ဘောင်းဘီအတိုလေးနဲ့ တွဲဝတ်ထားပြီး ဂုတ်ဝဲလောက်သာရှိတဲ့ ဆံနွယ်တွေကို ကလစ်သေးသေးလေးတွေနဲ့ ညှပ်ထားသေးသည့် သူရဲ့မျက်မှန် လေးကတော့ မျက်နှာပြည့်ပြည့်လေးအပေါ်မှာ မပါမဖြစ်ပေါ့။  တဖြည်းဖြည်းနဲ့ သူမလေးအနားရောက်လာတော့ ဆေးလိပ်ကို လက်ခြားထဲကနေ အဝေးကိုလွှင့်ပစ်လိုက်တော့သည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now