နှလုံးသားရပ်ဝန်း အပိုင်း ၆ (Zg&Uni)

21.6K 638 11
                                    

Unicode ...

မိုင်တို့ကားဟာကျယ်ဝန်းလှတဲ့ခြံဝိုင်းထဲကို မောင်းဝင်လာကြသည်။ ခြံထဲမှာလည်း လူတွေကအပြည့်ပါ အလှူရှိတာကြောင့်လည်းပါသည်။ ကားထဲကနေ မိုင်တို့တွေ အကုန်ဆင်းလာလိုက်ကြသည့်နှင့် သူ့တို့နားကိုအပြေးလေးရောက်လာတဲ့ အန်တီကြီးတစ်ယောက် ဘီးဆံပတ် ပတ်ထားပြီး မျက်နှာမှာလည်း သနပ်ခါးကအပြည့် ခန္ဓာကိုယ်မှာလည်း ရွှေတွေကလည်းသီးလို့ ရီမောကာရွှေရည်ကိုပြေးဖက်လေသည့် ရွှေရည်အမေ့ဖြစ်လောက်မည်။

" အမေ့သမီးလေးကို လွမ်းနေတာအေ့ "

" သမီးလည်းလွမ်းနေတာမေကြီးရဲ့
အော် ဒါနဲ့ ဒါကသမီးကျောင်းကသူငယ်ချင်းတွေလေ "

" ဟုတ်လား သားတို့သမီးတို့ပါလာမယ်လို့ မိရွှေရည်ကပြောထားကတည်းက အဒေါ်ကစောင့်နေတာ "

ရီရီမောမောနဲ့စကားတွေပြောနေတဲ့ ရွှေရည်အမေကကြည့်တာနဲ့တင် သဘောအတော်ကောင်းမှန်းသိပါသည်။ ဘေးနားကဝိုင်းပြီး လာလုပ်ကိုင်ပေးတဲ့အပျိုလေးတွေကလည်း မိုင်တို့၄ယောက်ကို ပြုံးစစနဲ့ကြည့်နေကြလေသည်။ အခုချိန်မှာလည်း သူ့တို့ကို ဂရုစိုက်မအားပါ မနက်၁၀နာရီမှရောက်တာကြောင့် နေကအတော်ပူနေသည့် ရန်ကုန်ကစထွက်ကတည်းဝတ်လာတဲ့ ဟူဒီကလူကိုအခုချိန်မှာအတော်ဒုက္ခပေးတော့သည်။

" ဟေ့ရောင် မိုင် ငါ့တအားပူနေပြီမရတော့ဖူး "

" ငါ့တို့ရောပဲ ဟူဒီကြီးကို ဆွဲချွတ်ပစ်ချင်နေပြီ "

" ပါးစပ်ပိတ်ထားကြစမ်းပါကွာ ငါ့လည်းပူတာပဲ "

" ရွှေရည်အမေကလည်း တော်ကီတွေလွတ်နေတာမပြီးတော့ဖူး အိမ်ပေါ်မခေါ်တော့ဖူးလား မသိဖူးကွာ "

၄ယောက်လုံးအနောက်မှာနေပြီး ခပ်ကြိတ်ကြိတ်သာပြောနေကြသည်။ ချွေးတွေကလည်းပျံနေတာ ရေချိုးသလို့တောင်ဖြစ်နေပါ့ပြီ အိမ်ပေါ်ကိုလည်းအခုထိမခေါ်သေး အပေါ်ပူ အောက်ပူနဲ့ လူကအတော်ကိုဇလုံထဲထည့်ပြီးပြုတ်ထားသလို့ဖြစ်နေပါသည်။ ခနလောက်ကြာတော့ ဝိုင်းလုပ်နေတဲ့ လူတွေကြားထဲက မိန်းခလေးတစ်ယောက်ထွက်လာလေရဲ့သနပ်ခါးကလည်းအပြည့် ခေါင်းမှာလည်း စံပ္ပာယ်ပန်းတွေကလည်းဝေလို့သာ အနားမကပ်ဘဲတောင် သနပ်ခါးနဲ့ပန်းအနံ့ကရနေသည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now