နှလုံးသားရပ်ဝန်း အပိုင်း ၇( Zg & Uni)

22.2K 642 33
                                    

Unicode...

ညအလှဟာအရင်နေ့ကထက်ဒီနေ့ပိုလှသလောင်ရှိနေတယ် လမင်းကြီးကလည်း ဝိုင်းစက်ပြီး ကြယ်လေးတွေကလည်း ညကောင်းကင်ယံထက်မှာ အပြည့်ရှိနေသည်။ ပူစပ်စပ်နေ့ရက်ဟာ ညရောက်ချိန်မှာ တိုးဝေ့လာတဲ့ လေတဖြူးဖြူးကြောင့် မနက်ကထက် နေ့လိုထိုင်လို့ကောင်းနေပါသည်။ အချိန်အားဖြင့် ည၉နာရီလောက်ရှိနေပြီ ခြံဝိုင်းထဲမှာတော့လူတွေကတော့ မပျက်ရှိနေကြသည်။ မနက်ကျရင် အလှုဆိုတော့ မိုင်တို့ရောက်လာကတည်းကချက်ပြုတ်နေကြတာ ဒီနေ့အထိပါပဲ မီးဖိုတွေဘေးနားမှာ အိုးကြီးတွေနဲ့ ဟင်းတွေ ဘယ်နှမျိုးမှန်းမသိအောင် ချက်နေပြီး စားပွဲဝိုင်းပေါ်တင်ထားကြတာ စားပွဲ၃ ၄ခုအပြည့်ကိုဖြစ်နေပြီ။

မိုင်တို့တွေကဝိုင်းလုပ်ပေးပေမဲ့ ရွှေရည်အမေ့က ဘာမှမခိုင်းဘဲ သက်တောင့်သက်သာသာ နေခိုင်းတာကြောင့် အားနာနာနဲ့သာ ၄ယောက်သား အိမ်ရှေ့က ဝါးကွပ်ပြစ်ကြီးမှာ လေလွင့်နေရသည်။
၄ယောက်လုံးအခုချိန်မှာ လုံးဝကိုတောသားရုပ်ပေါက်နေပါ့ပြီ သူရိန်ဆိုမျက်နှာနေလောင်တာများသွားလို့ဆိုပြီး သနပ်ခါးကိုလိမ်းထားတာ ပဲဟင်းအိုးထဲ ဒိုင်ဗျင်ထိုးထားသလားအောင်းမေ့ရတယ်။ လင်းမြတ်နဲ့ကောင်းခန့်လည်း အတူတူပါပဲ ယောက်ျားကြီးတွေဖြစ်ပြီး သနပ်ခါးကိုအားရပါးရလူးထားကြတာ တော်သေးတာပေါ့ မီးလင်းနေလို့ မှောင်များမှောင်နေရင် ခြံထဲကလူတွေသရဲထင်ပြီးလန့်သေကြမှာ ။ အကုန်လုံးကွပ်ပြစ်ပေါ်မှာ ပလက်တွေလှန်‌နေကြပေမဲ့ မိုင်ကတော့ငေးမိရာကိုငေးနေလိုက်သည်။ ထိုအချိန်ထဖောက်လာတဲ့ သူရိန်ရဲ့ရောဂါ စလာပါတော့သည်။

" လမင်းကြီးဝိုင်းစက်နေတာပဲကွာ
ရွှေရည်ကိုငါ့ချစ်တယ် သားကြီးတို့ရာ "

" မအေဘေးလေးရယ် ဘာမှမဆိုင်သလို့ပဲနော်
  နားတွေလည်းပူလာပြီ "

" အေးလေကွာ ဒီမှာပူပြီးလေလွင့်နေရတဲ့ခြားထဲ
  နားမပူစမ်းပါ့နဲ့ကွာ အေးအေးချမ်းချမ်းနေပါ့ရစေ"

" ပါးစပ်လေးပိတ်ထားပေးပါ့ကွာ "

သုံးယောက်ပေါင်းပြီးပြောဆိုနေတာကိုသူရိန်ခ‌မျာခံရပါများတော့ လှဲနေရင်းကနေခေါင်းထောင်ကာပစ်ပစ်နှစ်နှစ်ထဆဲလိုက်သည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now