နှလုံးသားရပ်ဝန်း အပိုင်း ၃ ( Zg & Uni)

25.3K 731 7
                                    

Unicode...

တခြားလူတွေကတော့ ရီဝေ‌ဝေယမကာ မြူးကြွတဲ့သံစဉ် တွေနဲ့လွတ်လပ်ပေါ့ပါးစွာ ရှိနေကြပေမဲ့ ထိုလူတွေခြားနားစွာဖြစ်နေတဲ့သူကတော့တခြားမဟုတ် မိုင်မင်းခေါင်ဆိုတဲ့ လူဂွစာပါ။လူ့ကိုခြေဆုံးခေါင်းဆုံးမျက်မှောင်ကြုတ်ကာကြည့်ပြီး အရင်ကထက်တင်းမာတဲ့အသံနဲ့ထပြောလေသည်။

" နင်ဘာတွေဝတ်လာတာလည်း "

" ဖဲသားဂါဝန်လေ လှတယ်မှတ်လား "

မယ်မင်းကြီးမက လှတယ်မဟုတ်လားဆိုပြီး မတ်တပ်ထရပ်ပြီး တပတ်ပြည့်အောင်လှည့်လိုက်သေးတယ် အလိုက်ကမ်းဆိုးလဲမသိ ထရိုက်ပစ်လိုက်ချင်တာအရမ်းပဲ...

"ဟဲ့ ! မိုင်မင်းခေါင် ငါလှတယ်မှတ်လားလို့ "

" ...... "

ထုံးစံအတိုင်းဘာမှမပြောပဲထပ်ပြီးသာစိုက်ကြည့်နေပြန်သည်။တကယ့်ဘာကိုအလိုမကျတာလည်းမသိ သူ့ရဲ့အကြည့်ကအလိုမကျရင်အမြဲ စားမတတ်ဝါးမတတ်တာကြည့်နေကျပေမဲ့ ဒီနေ့ကပို‌ဆိုးနေတယ်လို့ ဦးနှောက်ကသတိ‌ပေးနေသည်။

" ထသတ်တော့မဲ့အတိုင်းကြည့်မနေနဲ့ "

" ဖြစ်နိုင်ရင် ထသတ်ပစ်လိုက်ချင်တာရှင်းလား "

" ငါ့ဘာလုပ်လို့လဲ ? "

အမြဲကလည်အူကြောင်နဲ့သူ့ရဲ့အပြင်အဆင်နဲ့ အဝတ်အစားကသူမနဲ့လွန်စွာလိုက်ဖက်ပေမဲ့ သူ့တကယ်အလိုမကျတာအမှန်ပါ။ ဘာတွေဝတ်လာမှန်းမသိ ဖြူဖွေးနေတဲ့ ကျောပြင်ကလည်းလစ်ဟာပြီး အရှေ့ကရင်ဘတ်ကလည်း ပစ္စည်းတစ်ခုခုပျောက်ကျလို့ ကုန်းကောက်လို့ကတော့ လုံးဝကိုမတွေးရဲစရာပါ။ ဒီခြားထဲဂါဝန်ကရှည်မလားမှတ်တယ် ဒူးလောက်အထိသာရှိပြီး ဘေးကလည်းခွဲထားလိုက်သေးသည့် ဘယ်လိုအတွေးနဲ့ဝယ်ခဲ့လည်းမသိ အရမ်းတော်လွန်းလို့ရိုက်ပါသတ်ချင်နေပြီဖြစ်သည်။ ဒါတောင်ဒင်းကဘာမှမသိတဲ့ ယုန်သူငယ်လေးလိုလုပ်သေးတာကြောင့် ဆွဲပဲကိုက်ရမလို့ ရိုက်ပဲသတ်ရမလို့နဲ့ လုပ်လိုက်ရင်လဲအမြဲထော်လော်ကန့်လန်တွေ....

စဉ်းစားလို့တောင်မဆုံးသေးပါဖူး ထိုင်နေရင်းကနေ ဘာကိုကုန်းကောက်မယ်လုပ်မှန်းမသိတာတော့ နဖူးကိုလက်ဝါးနဲ့ရိုက်ချလိုက်သည်။ အတော်နာသွားတယ်ထင်သည့် နဖူးကိုပွတ်ကာ မျက်စောင်းပြီးကြည့်လေသည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now