Warning ⚠️ ဒီအပိုင်းမှာ+အခန်းအနည်းငယ်ပါမလို့အဆင်မပြေရင် မဖတ်ကြဖို့ ကြိုအသိပေးပါတယ်။
Unicode...
" မိုင် မင်းတကယ်ဟန်ဆောင်
ကောင်းတယ်နော် "" ဘာကိုလဲ "
" မင်းနဲ့ပျားရည်ကိစ္စလေ "
"အဲ့တာဒေါ်ထိပ်ထားသစ္စာစီစဉ်တာပါကွာ "
" ပုတ်သင်ညိုကျနေတာပဲတစ်ယောက်ထဲ
အမျိုးမျိုးကိုဖြစ်နေတာ "" ဘာမှလဲမဆိုင်ဖူး "
လင်းမြတ်ရဲ့အမေးစကားကိုမိုင်ဟာဝီစကီလေးမော့ရင်းခွန်းတုန့်ပြန်လိုက်သည်။မိုင်ကို မျက်လုံးပြုတ်ထွက်မတတ်ကြည့်နေတဲ့ဟိုနှစ်ကောင်ကလဲရှိသေးပြန်သည့် ဒီကောင်တွေတကယ်ပဲဘာဖြစ်နေကြတာလဲ...
" မင်းမနက်ကကားပေါ်မှာတုန်းကငါနဲ့ကောင်းခန့်မေးတော့
ပျားရည်နဲ့ပြန်မတွဲပါဖူးဆို ""အေးလေ အခုရောငါကပြန်တွဲနေလို့လား "
"မင်းစကားကိုလိ့လိ့လားလားတွေမပြောစမ်းနဲ့ "
ဒီတစ်ခါထပြောတာသူရိန်ပါ အမပေးရတော့မလို့တော်တော်ကြောက်လန့်နေပုံရတယ်။
" ယောက်ဖလေးမင်းသေချာစဉ်းစားကြည့်ကွာ
မင်းအမနဲ့ငါ အခုအခြေအနေကပြန်တွဲတာမဟုတ်ဖူးလေ "" ဒီကောင်တော့နော် ပေါ်တင်ကြီးကိုလိမ်နေတာ "
သူရိန်မျက်နှာကမဲမှောင်ကာအုံမှိုင်းနေတော့သည်။ သူရိန်ကမိုင်နဲ့သဘောမတူတာတော့မဟုတ် မောင်တယောက်အနေနဲ့အမကိုပေးရတော့မယ်ဆိုတော့နည်းနည်းဖင်ကျိမ်းရုံပေါ့ မိုင်ကလဲအဲ့တာကိုသိလို့ယောက်ဖလေးလို့ခေါ်ကာတမင်စလိုက်ချင်းပင်။ မိုင်ပထမထိုင်နေတဲ့နေရာကထကာ သူရိန်ဘေးကခုံအလွတ်မှာပြောင်းထိုင်ကာသူရိန်ပခုံးကိုဖက်ရင်း...
" ငါလိမ်တာတစ်ခုမှမပါဖူး အခုအခြေအနေကပြန်တွဲတဲ့အဆင့်မဟုတ်တော့ဖူးလက်ထပ်တဲ့အဆင့်ရောက်သွားပြီ။ ဘာလဲမင်းကမင်းအမကိုငါနဲ့သဘောမတူချင်တာလား "
" အဲ့လိုမျိုးတော့မဟုတ်ပါဖူးကွာ ငါ့အမကချက်ချင်းကြီးထယူမယ်ဆိုတော့နည်းနည်းဝမ်းနည်းမိတာပါရှိတာမှဒီမောင်နှမနှစ်ယောက်ထဲလေ စိတ်မကောင်းဖြစ်တာ "
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်