Unicode...
ပျားရည်တို့က စားစရာတွေ ပြင်ဆင်နေချိန် မိုင်တို့ကတော့ သောက်ဖို့ ပြင်ဆင်နေကြလေသည် ။ လင်းမြတ်ရဲ့ အိမ်က အကြီးကြီးဆိုတော့ အခန်းတွေများပြီး ကြိုက်တဲ့နေရာ သောက်လို့ရပေမဲ့ မိုင်တို့ကတော့ လေဝင်အတွက်ကောင်းတဲ့ ဝရံတာနားကို ရွေးလိုက်ကြသည် ။
" မိုင် ပုလင်းတွေ အလယ်မှာချလိုက်ပါလား "
" ..... "
" မိုင်ရေ ! "
သောက်ဖို့အတွက်ပုလင်းတွေကို လင်းမြတ်အပေါ်ကို ယူလာပြီး နေရာချဖို့ မိုင်ကိုပြောပေမဲ့ မိုင်ဟာ ဘာဖြစ်နေမှန်းမသိသူ့နှုတ်ခမ်းကိုလက်ချောင်းတွေနဲ့ပွတ်ကာ ဖုန်းကိုပဲတစ်ချိန်လုံးကြည့်ပြီး ပြုံးစိစိဖြစ်နေလေရဲ့ ဒီကောင် ရန်ဖြစ်ရင်း ခေါင်းထိသွားတယ်ထင်ပါတယ် ။ ဘယ်လိုခေါ်ခေါ်မရပါ သူနဲ့ကိုယ်ကလည်း အဝေးကြီးမဟုတ် နီးနီးလေးလှမ်းခေါ်နေတာတောင် ဘာတွေဈာန်ဝင်နေမှန်းမသိ စိတ်မရှည်တော့တာကြောင့် ပုလင်းတွေကို သူရိန်နဲ့ကောင်းခန့်ကိုသာ ချခိုင်းလိုက်ရသည် ။
" အဲ့ကောင် ဘာဖြစ်နေတာလည်း ! "
" မသိဖူး ရူးနေပြီထင်တယ် ! "
" နေပူလို့ ခဲကြွသွားတာ နေမှာ ! "
သုံးကောင်လုံးက ဝိုင်းဖဲ့နေတာတောင် မိုင်ဟာ မမှုတော့ပါ အခုချိန်မှာ သူဟာ စစ်နိုင်လာတဲ့ ဘုရင်တစ်ယောက်လို ပြုံးဖြီးပြီး ရင်ထဲပန်းတွေ တပြုံ့လိုက်ပွင့်နေပြီလေ အဲ့တော့ ဒီကောင်တွေ ကြိုက်သလောက်ပြောပါ့စေဆိုပြီးသာလွတ်ထားလိုက်သည် ။
" မိုင် ! "
" အင်းပြော ! "
" အော်ကြားသေးဟ နားလေးသွားပြီထင်နေတာ ! "
" လေးစရာလား မင်းတို့ ငှက်ဆိုးထိုးသံတွေနားမထောင်ချင်လို့
မကြားချင်ယောင်ဆောင်နေတာ ငါ့ဘာသာ သာယာနေတာ
သာသာ့နာမဖျက်ချင်စမ်းပါနဲ့ကွာ ! "စကားလုံးတွေသာ တရစပ်လွတ်တာ မျက်နှာကသူတို့ကို ကြည့်မလာပါ ဖုန်းကိုသာ သဲကြီးမဲကြီးကြည့်နေတာ ဒီကောင်ဘာတွေအဲ့လောက်ကြည့်နေတာလည်းဆိုပြီး သူ့အငိုက်ကို ဖမ်းကာ လင်းမြတ်ကဖုန်းကို ဆွဲလုလိုက်သည် ။
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်