နှလုံးသားရပ်ဝန်း အပိုင်း၁၅ ( Zg & Uni )

22.6K 608 61
                                    

Unicode...

7: 30 AM

မနက်စောစော မထတတ်တဲ့မိုင်မှာ ဦးလေးရဲ့အမိန့်စကားကြောင့်အစောကြီးထပြီး ကုမ္ပဏီလာခဲ့ရပြန်တယ် ။ မျက်နှာကလည်း မှုန့်ကုတ်ပြီး ဘာမှကိုအလိုမကျတော့ပါ ဘွဲ့ယူပြီးမှ အလုပ်ဝင်လုပ်ပါမယ်ဆို အခုကတည်း ခိုင်းနေတာ လုံးဝအဆင်မပြေပါ ။ အခုလည်း သူ့တခြား
ပရိုဂရပ်အတွက် အစည်းအဝေး လုပ်စရာရှိလို့ အသစ်တတ်မဲ့ အဆိုတော်အဖွဲ့ကို သွားကြည့်ပေးပါဆိုပြီး ဩဇာတွေအပြည့်နဲ့ပြောသွားတော့သည် ။ အခုတော့ ဘာမှမတတ်နိုင်တော့Emailကတဆင့် ပိူ့ပေးထားတဲ့ အကVd ဖိုင်ကို ခေါက်တုန့်ခေါက်ပြန်ကြည့်နေ‌တော့တယ်။ ထိုအချိန် ပျားရည်ဆီက မက်ဆေ့ ဝင်လာတော့သည် ။

* နင်ဘာလုပ်မှာလည်း ငါ့အပြင်သွားမလို့ ကြာမယ်ဆို
မလိုက်ခဲ့နဲ့တော့ ငါ့ဘာသာငါသွားတော့မယ် *

" ဒီ ငနာမကတော့ "

စာကိုကြည့်ပြီးတာနဲ့ ချက်ချင်း ပျားရည်ဆီဖုန်းဆက်လိုက်သည် ။ အမြဲအဲ့လိုပဲ အလုပ်တစ်ခုပေါ်လာပြီဆို နောက်တစ်ခုကပါ အနောက်ကပ်ပါလာပြန်တယ် ။ ခန့်ပိုင်ကတော့ ကားမောင်းရင်းနောက်ကြည့်မှန်ကနေတဆင့် မိုင်ကိုခိုးခိုး ကြည့်နေတော့သည် ။

" Hello ! ဖုန်းကို ဘာလို့ ချက်ချင်းမကိုင်တာလည်း "

" ငါ့ရေချိုးနေတာ‌‌လေဖုန်းသံဘယ်လိုကြားမှာလည်း "

" နောက်ခါ ရေချိုးလည်းဖုန်းကို ထပ်ချက်မကွာယူသွား
ငါ့ဖုန်းခေါ်ရင်တန်းကိုင် မကြာနဲ့ ငါ့မကြိုက်ဖူး ကြားလား ! "

" မကြားဖူး "

" တလုံးမချန်ဖူးနော် ! အဲ့ကိစ္စထားတော့ နင်အပြင်သွားရင်
ငါ့လိုက်မှာနော် တစ်ယောက်ထဲသွားဖို့
အတွေးတွေ ဖျောက်ပစ်လိုက် "

" နင်ကြာရင်တော့ ငါ့ဘာသာငါသွားမှာ "

" မကြာစေရဖူး ချက်ချင်းပြီးတာနဲ့ လာမယ် "

" အဲ့ဆို ပြီးတာပဲ ဖုန်းချပြီ "

ပြောပြီးတာနဲ့ ဖုန်းကို ချက်ချင်းတန်းချသွားတော့သည်။  ဒင်းကတစ်ယောက်ထဲ အပြင်သွားဖို့ တွေးနေတာ ဘယ်ရမလည်း သူ့မပါပဲနဲ့တော့ ဘယ်ကိုမှလွှတ်ဖို့အစီအစဉ်မရှိတော့ပါ မအေဘေးတွေက ကျားချောင်း ချောင်းနေကြတာ ယောက်ျားခြင်းပိုတောင်သိသေးသည့် အဲ့တာကိုနားမလည်တဲ့ ပျားရည်ကတော့ မိုင်ကို နေရာတကာ လိုက်ပြောတဲ့သူတဲ့လေ ပြောလည်းခံလိုက်ရုံပေါ့ အနောက်ကနေတော့ မလိုက်ပဲမနေနိုင်ပါ ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now