နှလုံးသားရပ်ဝန်း အပိုင်း ၅ ( Zg & Uni)

23.7K 606 29
                                    

Unicode...

နှစ်ဝက်စာမေးပွဲလည်း ‌ဖြေပြီးပြီဆိုတော့ စာကျက်တာခနရပ်ထားဖို့ကို အတွေးထဲအလိုလိုရောက်လာသည်။ ကျောင်းပိတ်ရက်ရှည်လည်း ရတော့မှာဆိုတော့ ဘယ်သွားမလည်းကိုဘဲ စဉ်းစားနေရတာ အလုပ်တစ်ခုလိုဖြစ်နေပြီ ။ မိုင်တို့ အုပ်စုကတော့ ခရီးထွက်မယ်ပြောတာပဲ ဘယ်သွားမယ်မှန်းမသိ‌ေပမဲ့သူ့တို့သွားမယ်ဆိုရင် ပင်ပင်ပန်းပန်း သွားမဲ့နေရာတွေဖြစ်မယ်မှန်းသိတော့ မလိုက်ချင်ပါ။ စာရေးခုံပေါ်မှေးထောက်ပြီး အတွေးလွန်နေချိန် ရွှေရည်ကအေးစက်နေတဲ့အအေးဗူးကို ပါးပြင်ကို ရုတ်တရပ်ကပ်လိုက်တာကြောင့် လန့်သွားရသည်။

" အေးလိုက်တာဟာ "

" နင့်ကအတွေးလွန်နေတာကို ငါ့ခေါ်တာလည်းမကြားတော့ အအေးဗူးနဲ့ကပ်လိုက်တာ "

" ငါ့စဉ်းစားနေတာ "

" ဘာစဉ်းစားနေတာလည်း "

ခရီးထွက်မဲ့ကိစ္စကို ရွှေရည်ကိုကူပြီးစဉ်းစားခိုင်းရင်လည်း အကြံတစ်ခုထွက်လောက်တယ်ဆိုတော့ သူ့ကိုပြောပြရန် ခါးကိုမတ်လိုက်ပြီး သူ့ဘက်လှည့်လိုက်သည်။ မျက်မှန်နဲ့အညိုဆင်လေးကတော့ ပျားရည်ဘာပြောမလည်း စောင့်နေသည်။

" ဒီပိတ်ရက် ဘယ်သွားရင်ကောင်းမလည်းစဉ်းစားနေတာ
ကူပြီးစဉ်းစားပေးပါ့လား "

" ရွှေရည်နဲ့အညာလိုက်ချင်လား "

" အညာ ! "

‌သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဂရုတစိုက်ကြည့်နေတဲ့ ကောင်မလေးကို ကြည့်ပြီး ရွှေရည်ပြုံးမိလိုက်သည်။ ခင်တာစာသင်နှစ်တစ်ဝက်လောက်ရှိပြီဆိုပေမဲ့ ရွှေရည်အကြောင်းတွေသူ့ဘာမှသိပ့်မသိပေ သူ့ကလည်းစပ်စပ်စုစုမမေးတတ်တာလည်း ပါမယ်ထင်တယ် ရွှေရည်အကြောင်းဘာမှမမေးဘဲ ဒီတိုင်းညီမတွေလိုခင်လာကြသည်။ ဒီနေ့‌တော့ပြောရမယ်မဟုတ်လား လျှိုဝှက်ထားစရာမကြောင်းမှမရှိတာ..

"  ရွှေရည်ကအညာသူလေ ! "

" တကယ်ကြီးလား "

" အင်းတကယ် "

အဲ့တာကြောင့်ထင်သည့် ရွှေရည်ရဲ့အသားရောင်က ညိုညိုလေးသာ ခင်လာတဲ့တစ်လျောက်လုံး ဘာမှမမေးမိ အစားအသောက်အကြောင်း စာအကြောင်းနဲ့ ကောင်လေးတွေဘယ်လောက် ချောကြောင်းပြောရတာနဲ့တင် ရေပတ်မဝင်တာလည်းကြောင့်လည်းပါမယ် အခုခရီးသွားမဲ့အကြောင်းပြောမှသာ သိရသည်။ အညာကိုတော့ ပျားရည်လည်းမရောက်ဖူးတာကြောင့် စိတ်ဝင်စားမိတော့ စကားသာဆက်ပြောလိုက်သည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now