Kaung Si Thu

11.8K 178 16
                                    

Unicode...

မဲနက်နေတဲ့တိမ်သားတွေကကောင်းကင်တခွင်ပြေးလွှားနေပေမဲ့ရာသီဥတုကခပ်မှိုင်းမှိုင်းနဲ့သာဖြစ်ပြီးမိုးများတော့မရွာလာခဲ့။ဝရံတာအပြင်ဘက်စီကသစ်ပင်တချို့လေတိုးဝှေ့မှုကြောင့်သစ်ပင်‌ တွေအချင်းချင်ရိုက်ခတ်နေပုံကိုတမေ့တမောငေးကြည့်နေသူတစ်ဦး...။

သူရဲ့နံဘေးမှာကုန်သွားပြီဖြစ်တဲ့ဆေးလိပ်အတိုတွေသောက်လက်စ ဝီစကီတစ်ခွက် လောင်မြိုက်နေတဲ့သူ့ကိုလောင်စာတွေထပ်ထည့်ပေးနေတဲ့ခပ်တိုးတိုးပျံလွင့်နေ‌သောသီချင်းသံတချို့...။

ဒီအချိန်လောက်ဆိုသူမကသူ့ချစ်ရတဲ့အမျိုးသားရင်ခွင်ထဲမှာပျော်နေလောက်ရောပေါ့။ကျန်တဲ့သူ့မှာတော့နှစ်တွေဘယ်လောက်ဟောင်းဟောင်းအချိန်ရာသီတွေဘယ်လောက်ပြောင်းခဲ့‌ပါ့စေအမြဲရင်ထဲမှာ"ပျားရည်"ဆိုတဲ့နတ်သမီးကိုချစ်နေတုန်းပါသူ့ရဲ့အဖြစ်ကိုသူမသိရင်တော့ရယ်နေလောက်မှာအသေအချာပါပင်။

လွမ်းဆွတ်တမ်းတခြင်းအချိန်အကန့်သတ်မရှိခဲ့ဘယ်အချိန်ကစရင်ထဲတိုး‌ဝှေ့ဝင်လာမှန်းမသိခဲ့ပေမဲ့အခုချိန်ထိရင်ထဲကနေမထုတ်ပစ်နိုင်တာကိုတော့ဦးနှောက်ကရောနှလုံးသားကပါအသေအချာသိပါသည်။

လက်ကြားထဲကဆေးလိပ်ကိုသူ့ရှိုက်လိုက်ပြီးအငွေ့များကိုမှုတ်ထုတ်လိုက်သည့်ဆေးလိပ်အငွေ့တွေထဲမှာသတိရခြင်းဆိုတဲ့စိတ်များပါသွားခဲ့ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ကိုယ်မင်းကိုမလွမ်းချင်တော့ဖူးချစ်သောရေလို့အဆက်မပြတ်တွေးမိလိုက်ချိန်ပါးပြင်မှာမျက်ရည်များဟာအဆက်မပြတ်ကျဆင်းလာပြန်သည်။

" ကိုယ်မင်းကိုလွမ်းလိုက်တာ ပျားရည်လေးရယ် "

ကောင်းစည်သူဟာနံရံထက်ကပျားရည်ရဲ့ဓာတ်ပုံတွေကိုကြည့်ပြီးနေ့တိုင်းလိုစကားတွေပြောပြီးလွမ်းဆွတ်နေသူတစ်ဦးပါ။ဓာတ်ပုံတွေကိုဖြုတ်သင့်ပြီဆိုတာသူသိပေမဲ့လဲနှလုံးသားကလက်မခံခဲ့ပိုင်ဆိုင်ခွင့်ကိုလက်လွတ်ခဲ့တာပဲလေဓာတ်ပုံလောက်ကိုတော့သူ့အပိုင်သိမ်းသင့်သည့်မဟုတ်လားဒီလောက်တော့သူ့အတွက်တရားမျှတမှုရှိသင့်ပါတယ်လေ။ဆေးလိပ်တွေတစ်လိပ်ပြီးတစ်လိပ်ကုန်သွားတိုင်းအလွမ်းတွေကလဲတဆပြီးတဆပိုတိုးလာတယ်...

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now