နှလုံးသားရပ်ဝန်း ဇာတ်သိမ်းပိုင်း(Zg & Uni )

37.9K 556 47
                                    

Unicode...

" ဆရာဝန် ဘယ်မှာလဲ !!! "

မိုင်ဟာပျားရည်ကိုပွေ့ချီလျှက်သားနဲ့ဆရာဝန်ကိုအော်ခေါ်လိုက်ချိန်ရှိသမျှလူတွေအကုန်လုံးရဲ့အကြည့်ဟာမိုင်စီရောက်လာသည်။သူ့လက်ထဲကပျားရည်ကဘယ်လိုမှခေါ်မရတော့အောင်ဖြစ်နေတာကြောင့် သူမှာပူထူသွားကာအတော်ကိုစိုးရိမ့်နေရသည်။ အတန်ကြာတဲ့အထိလူအတိုင်းလိုလိုဟာသူ့ကိုကြည့်နေတာကလွဲလို့ ဘယ်ဆရာဝန်မှမရောက်လာကြသေး...

" ဒီဆေးရုံမှာဆရာဝန်မရှိတော့ဖူးလား
  ဘယ်ရောက်ကုန်ကြတာလဲ!!!"

" ဒီမှာ ရှင်အဲ့လောက်အော်မနေနဲ့လေ
  တခြားလူနာတွေလဲအားနာပါဦး "

" ကျွန်တော်တို့ကကောဒီဆေးရုံမှာအပျော်တမ်း
  လာလည်တယ်လို့ထင်နေတာလား ခများကသူနာပြုမှတ်လား
  ဆရာဝန်သာခေါ်ပေး "

" ဆရာဝန်ကြီးတွေကအကုန်ခွဲစိတ်ခန်းထဲရောက်နေတယ်
  လူနာကိုကုတင်ပေါ်တင်လိုက် ကျွန်မတို့စမ်းသပ်ပေးမယ် "

" ကျစ် ! ဆရာဝန်ပဲလိုချင်တာ မရှိရင်ရှိတဲ့လူခေါ်လာခဲ့ "

" ကျွန်မတို့ကလဲ ဆေးပညာနဲ့ကျောင်းပြီးထားတဲ့လူတွေပါ "

" ခများဘာလို့အရစ်ရှည်နေတာလဲ ။ ခများနဲ့အချိန်ပေးပြီးစောက်စကားပြောနေတာနဲ့တင် ကျွန်တော်မိန်းမတစ်ခုခုဖြစ်သွားနိုင်တယ်
ကျွန်တော်မိန်းမတစ်ခုခုဖြစ်ကြည့် ခများထမင်းစားနေရတဲ့အလုပ်ပျောက်သွားမယ် နားလည်လားဆရာဝန်အခုချက်ချင်းသွားခေါ် !!! "

သူနာပြုဖြစ်ပြီးလူနာကိုကြည့်ဖို့ထပ်အရစ်ရှည်နေတာကြောင့်ဆရာဝန်ခေါ်ပေးဖို့သာအော်ချလိုက်သည်။လောလောဆယ်ပျားရည်ကို ကုတင်အလွတ်တစ်ခုပေါ်တင်လိုက်ပြီးလက်ဖဝါးတွေကိုကျစ်ကျစ်ပါအောင်စုပ်ကိုင်ထားမိသည်။ သူ့ပုံစံကအရူးတစ်ယောက်လို့ပါပဲ ပျားရည်ကြောင့်လူတိုင်းအပေါ်ဒေါသထွက်လိုက်အော်လိုက်ငေါက်လိုက် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးကြောင့်ငိုလိုက်နဲ့ဘယ်လိုမှမနေနိုင်အောင်ဖြစ်နေရသည်။

" လူနာကဘာဖြစ်လာတာလဲ "

"အခုမှလာပြီးမေးမနေနဲ့
ခများတို့ဆရာဝန်တွေဆေးရုံမှာလာပြီးအိပ်နေကြတာလားဟမ် "

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now