နှလုံးသားရပ်ဝန်း အပိုင်း ၂၈( Zg& Uni )

19.2K 519 22
                                    

Unicode...

Warning ⚠️ ဒီအပိုင်းမှာ+အခန်းအနည်းငယ်ပါမလို့အဆင်မပြေရင် မဖတ်ကြဖို့ ကြိုအသိပေးပါတယ်။

ဒီနေ့တော့ ပျားရည်ဟာ  မိုင့်အတွက် စားစရာတွေကုမ္ပဏီကို သွားပို့ချင်သော်ကြောင့် စောစောထကာ စီစဉ်ဖြစ်သည် ။ ထွေထွေထူးထူးတော့ မဟုတ်လှပါ မိုင်အမြဲစားလေ့ရှိတဲ့ ဆလပ်သုပ် ပြီးတော့ ကြက်ရင်အုံသားကိုသူ့ စားနေကျပုံစံနဲ့မဟုတ်ပဲ ပုံစံတမျိုးပြောင်းကာ လုပ်ပေးဖြစ်သည်။  သူ့ကသိပ်ကိုဂျီးများတဲ့လူ ဆလပ်သုပ်ဆိုလဲ ဂေါ်ဖီများရင်မကြိုက် ချိုလို့တဲ့လေ ကြက်သားဆိုလဲရင်အုံမှ အဲ့တာတောင် အရမ်းမာနေရင် မစားတဲ့သူ ပျားရည်မှာ အထွေးအထူးမဟုတ်တဲ့ဟာကို အသေအချာပြင်ဆင်နေရသည်။  အကုန်လုံးပြင်ဆင်ပြီးနောက် အိတ်လေးထဲဗူးတွေသေချာထည့်ကာ ရယ်ဒီမတ်မဟုတ်ပဲကိုယ်တိုင်ဖျော်ထားတဲ့ ကီဝီသီးဖျော်ရည်ကိုပါ ထည့်လိုက်သည်။

" အိုခေ ! လုံးဝပြည့်စုံသွားပြီ "

စားစရာတွေအကုန်အဆင်သင့်ဖြစ်ပေမဲ့ လူကအခုထိရေမချိုးရသေးတာကြောင့် အခန်းထဲအမြန်ပြေးကာ ရေချိုးပြီး အလှ‌တွေပါသေချာပြင်ဆင်လိုက်သေးသည် ။  အဝါ‌ရောင် ဒူးဖုံးဂါဝန်‌လက်ပြတ်လေးကို ဝတ်ဆင်ပြီး ဂုတ်ဝဲဖြစ်နေတဲ့ဆံနွယ်တွေကို ဒီတိုင်းသာ ဖီးသင်လိုက်သည် ။မျက်နှာကိုတော့ ဘာမှသိပ်မပြင်ပါ နို့ရည်လေးလူးကာ မိုင့်ဝယ်ပေးထားတဲ့ နှုတ်ခမ်းနီကိုသာခပ်ပါးပါးလေး ဆိုးလိုက်သည် ။ အရမ်းကြီးမလှပေမဲ့ ကြည့်ပျော်ရှုပျော်အနေအထားလောက်ဖြစ်သွားတော့မှ အိတ်ကိုစလွယ်သိုင်းကာ ကားသော့ယူ၍ အခန်းပြင်ထွက်ခဲ့လိုက်တော့သည် ။

" အစည်းအဝေးကဘယ်နှနာရီကြာမှာလဲ "

" အများဆုံး 2နာရီပါ "

" ကျစ် ! တနေ့တနေ့ အစည်းအဝေးထိုင်ရတာလဲ
ခါးတွေတောင်ညောင်းလာပြီ စောက်ချီးလိုပဲ "

အစည်းအဝေး ခနခနလုပ်ရလွန်းတာကြောင့် ငြီးငြူနေတဲ့ Bossကိုခန့်ပိုင် ပြုံးစိစိနဲ့သာကြည့်နေမိသည် ။ Bossကသူ့ထက်2နှစ်လောက်ငယ်တဲ့ ကောင်လေးပေမဲ့ အထက်အရာရှိဆိုတဲ့ အသိကြောင့် တရိုတသေဆက်ဆံရသည့် သူ့ကိုမလေးမစားပြောရင်လဲဘာမှခွန်းတုံ့ပြန်မပြောဖြစ် ခေါင်းငုံ့ပြီးသာ နာခံနေမိသည် ။ အခုလဲ အစည်းအဝေးကနောက်နာရီလောက်ဝက်ဆိုစတော့မယ် အစည်းအဝေးအတွက်အရေးပါတဲ့ စာရွက်စာတမ်းတွေကို ဘာမှမကြည့် Ipadကြီးကိုသာ အသဲအမဲကြည့်ကာ ဘာတွေရှာနေမှန်းမသိ။ မသိမသာလေး လှမ်းကြည့်မိတော့ မိန်းခလေးHighthellတွေကို အသေအချာရွေးနေတာပင် ကြည့်ရတာ သူ့မိန်းခလေးကို လက်ဆောင်ပေးတော့မယ်ထင်ပါတယ် ဘာကြောင့်မှန်းမသိပေမဲ့ စိတ်ထဲဘဝင်မကျမိတာအမှန်ပင် သူ့ဒီလိုဖြစ်တော့‌ရော Bossကအရေးတယူလုပ်မှာဟုတ်လို့လား ကိုယ့်ကို ကို့သာသနားနေမိသည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now