နှလုံးသားရပ်ဝန်း အပိုင်း၂၅( Zg&Uni )

19.2K 435 28
                                    

Unicode...

ဒီနေ့ဟာ ဘတ်စ်‌ကပ်ဘော ချန်ပီယံ ဗိုလ်လုပွဲဖြစ်တာကြောင့် မိုးလုံ လေလုံ အားကစားရုံထဲတွင် လာအားပေးကြသူများ များပြားလွန်းစွာပြည့်နှက်နေကာ အားပေးသံများကလဲဆူညံ့လျက်ရှိကြသည်။ အထူးသဖြင့်မိန်းခလေးများသည့် အားကစားကို လာအားပေးတာထက် တစ်ဖက်အသင်းက ကောင်းစည်သူကိုလာအားပေးကြခြင်းသာဖြစ်သည် ။ ကောင်းစည်သူဟာ ဘတ်စကပ်ဘော ကစားရာတွေ တော်ရုံသာမက ပွဲကိုလာကြည့်ကြတဲ့ မိန်းခလေးများခြားတွင် ညိုတတအသားရေ ရှည်လွန်းအရပ် တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ချောမောလွန်းတဲ့ ရုပ်ရည်တို့ကြောင့် ရေပန်းစားလွန်းနေတော့သည် ။

" ဟေ့ရောင် ကောင်းစည်သူရေ ဒီနေ့ပွဲကလဲ
မင်းကျေးဇူးကြောင့် မိန်းမလှလေးတွေများနေပါရောလား
ငါတို့တော့ အမောပြေတော့မယ်ကွာ  "

" တော်စမ်းပါကွာ ! မင်းတို့ပဲ အမောပြေ ငါ့တော့ အဲ့တာတွေ
အာရုံမလာဖူး ငါ့ကOne and Only ပျားရည်ပဲ "

" တော်တော့ မင်းဟာလေ ဂျိုရောင်ဂျိုဝါ တောက်ပနေတဲ့
နွား နွားတောင်ရိုးရိုးနွားမဟုတ်ဖူး နွားလဥဿပ "

" ဟုတ်တယ်ကွာ ဟုတ်တယ် ! "

ဘေးနားကနေ အဖွဲ့ဝင်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့ကောင်တွေကတောင်သူ့ပျားရည်ကိုဘယ်လောက်နွားချခံပြီးချစ်သလဲဆိုသိကြသည်။ရစရာမရှိအောင် ပြောဆိုနေတာလဲ သူ့ဟာဘာကိုမှဂရုမစိုက်ပါ ပွဲမစခင် ဖိနပ်ကြိုး ခိုင်အောင်ချည်ရင်း ပျားရည်အလာကိုသာ တမျှော်မျှော်နဲ့ ကြည့်နေမိသည် ။လာပါ့မလားဆိုပြီး စိတ်တော့အတော်ပူမိတယ်  ပွဲကစတော့မည် သူမရဲ့အရိပ်အယောင်မျှတောင်မတွေ့ လာမယ်လို့သာ ကတိပေးထားတာ မိုင်မင်းခေါင်ကြောင့်များ မလာဖြစ်တော့ဖူးလားဆိုပြီးလဲတွေးပူနေရပြန်ပေသည်။ မိုင်မင်းခေါင်ဟာ သူ့အတွက်တော့ တကယ့်ကို ဂြိုလ်ဆိုးလို့ကောင်မျိုးကိုဖြစ်နေတော့သည် ။

" သေချာလုပ်နော် ဘာမှတလွဲတချော်မဖြစ်နဲ့ဦး "

" ဟုတ်ကဲ့ပါ အကိုခန့်ပိုင် ကျွန်တော်တို့သေချာလုပ်ပါ့မယ် ! "

"  ဥက္ကဠလာနေပြီ သူ့စိတ်ဆိုးအောင်မလုပ်ကြနဲ့ဦး "

ဝတ်စုံအပြည့်ဝတ်လေ့မရှိတဲ့ Bossဟာဒီနေ့တော့ မီးခိုးရောင် ဝတ်စုံနဲ့ မျက်လုံးထဲ တမျိူးဖြစ်နေသည် ။ ဂုတ်ထောက်နေတဲ့ဆံပင်အရှည်တွေကို ပုံသွင်းကာ လှန်ဖြီးထားပုံက နဂိုကဖြူပြီးနုနေတဲ့ မျက်နှာလေးကို ပိုလင်းနေစေတော့သည် သို့ပေမဲ့လဲ ဝတ်နေကြ နားက နားကပ်တွေဟာအပြည့်ဖြစ်‌ေနသလို့ နှုတ်ခမ်းမှာတပ်ထားတဲ့ ဂွင်းဟာလဲ အရင်အတိုင်းဖြစ်နေတော့သည် ။ ဒါပေမဲ့လည်း ထိုအမျိုးသားဟာ အမြဲတမ်း ဘယ်လိုပုံဖြစ်ဖြစ် စမတ်ကျလွန်းကာ ခန့်ညားနေတော့သည် ။ ခန့်ပိုင် မှင်သက်ပြီးကြည့်နေချိန် ခြေလှမ်း ခပ်စိပ်စိပ်နဲ့ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ လျောက်လာတဲ့ Bossဟာ သူ့အနားမှာ မတ်တပ်လာရပ်ပြီး သူ့ရဲ့ချိုလွင်တဲ့အသံတို့ဟာ ခန့်ပိုင်နားထဲဝင်ရောက်လာတော့သည် ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now