နှလုံးသားရပ်ဝန်း အပိုင်း ၁၃ (Zg&Uni)

23K 623 43
                                    

Unicode....

ဒီနေ့တော့ ပျားရည် အပြင်သွားပြီးဝယ်စရာလေးတွေရှိတာကြောင့် စောစောအိပ်ယာထဖြစ်သည် ။ စောစောထတယ်ဆိုတာထက် အိပ်လို့မရတာကြောင့်လည်းပါသည် ။ ရေချိုးလို့ပြီးသွားတော့ မှန်တင်ခုံရှေ့မှာ ထိုင်လိုက်သည် ။ သို့ပေမဲ့ ဘာမှမပြင်ဆင်သေးပဲ မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်မျက်နှာကို စိုက်ကြည့်နေမိသည် ။

တစ်ညလုံးငိုထားတဲ့အရှိန်ကြောင့်မျက်လုံးကမို့အစ်နေပြီး ခေါင်းလျှော်ထားတာတောင် ခေါင်းကသိပ်မကြည်ပါ ။ ပြီးတော့ မိုင် သူ့ဆီဖုန်းခေါ်ပြီးကတည်းက မဖွင့်ရသေးတဲ့ဖုန်းကို အတန့်ကြာစိုက်ကြည့်မိပြန်တယ် ။ အတွေးတွေက ယောက်ယက်ကိုခက်နေပြီ ပျားရည် မိုင်အပေါ်ဒီလိုလုပ်တာမှန်ရဲ့လား ဒီလိုကြာကြာပစ်ထားရင် မိုင်လက်လျော့သွားမလားဆိုတဲ့အတွေးက ပျားရည်ရဲ့တင်းခံထားတဲ့စိတ်တွေကို အနှောင့်ယှက်အကြိမ်ကြိမ်ပေးနေပါတော့သည် ။ သို့ပေမဲ့လည်း သူ့ကို ခွင့်မလွတ်နိုင်သေးတာတော့ အမှန်ပါပဲ အခုမှ သူခံစားရတာ ပျားရည်ရဲ့ တစ်ဝက်စာတောင်ရှိသေးတာမဟုတ်တာကို သူ့ဘက်ကလက်လျော့သွားခဲ့ရင်ကောဆိုတဲ့အတွေး တကယ်ကိုဘာတွေလျောက်တွေးနေမိမှန်းမသိတော့ပါ ။

" ဘာမှဆက်မတွေးပဲ လုပ်စရာရှိတာလုပ်ကျရအောင် "

အတွေးတွေကို ဖျက်ပစ်လိုက်ပြီး အပြင်သွားရန်သာပြင်ဆင်လိုက်တော့သည် ။ အကုန်ပြင်ဆင်ပြီး ကိုယ်လုံးပေါ်မှန်အရှေ့မှာရပ်ပြီး ကိုယ့်ကို တစ်ပတ်လှည့်ပြီးကြည့်မိလိုက်တော့ ဝတ်ထားဝာာ အဆင်မပြေနေသလို့ ခံစားနေရသည် ဘယ်နေရာက ဘာလိုနေမှန်းမသိ စိတ်အလိုမကျဖြစ်နေပါသည် ။

" တကယ် ဘာလိုနေတာလည်း "

ကြည့်နေရင်းနဲ့ကိုခေါင်းရှုပ်လာတာကြောင့် ဖြစ်ချင်သလို့သာဖြစ်တော့ဆိုပြီး ဒီဂရီ မျက်မှန် ခိုပြာရောင် လေးထောင့်ကိုတပ်ပြီး လွယ်နေကျ အိတ်ကို ယူကာထွက်လာခဲ့တော့သည် ။ မှန်တင်ခုံပေါ်ကဖုန်းကိုတော့ ယူလာဖို့ မေ့သွားခဲ့သည် ။

ဓာတ်လှေကားကနေ အောက်ကိုဆင်းလာတော့ ပထမဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ကြောင်တောင်တောင်ဖြစ်သွားရသည်။ ကွန်တိုအဆောက်ဦး အရှေ့မှာ မီဒီယာသမားတွေအများအပြားဖြစ်နေပြီး ဘယ်သူကိုစောင့်နေကြမှန်းမသိ အထဲကိုအတင်းတိုးဝင်နေကြတာကြောင့် လုံခြုံရေးတွေက တားထားရသည် ။ ဒီကွန်တိုမှာနာမည်ကြီးသရုပ်ဆောင်ရှိလို့ သတင်းယူကြတာဖြစ်နိုင်ပါသည် ။ လောလောဆယ်တော့ လမ်းသွားမလို့ကို အရှေ့တည့်တည့် ပိတ်နေကြတာကြောင့် ဘယ်လိုထွက်ရမလည်းမသိ ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now