Extra 2

6.4K 215 14
                                    

Unicode...

ဗိုက်ထဲကနာကျင်မှုကြောင့်သန်းခေါင်ယံချိန်မှာတောင်အိပ်မရပဲကုတင်ပေါ်ကဖြည်းညှင်းစွာဆင်းကာလမ်းလျှောက်ကြည့်ရန်ပြင်လိုက်သည်။တဖက်ခြမ်းကိုကြည့်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့မိုင်ကိုတွေ့တော့ပျားရည်ကြောင့်နိူးသွားမှာဆိုးတာကြောင့်နာကျင်နေတာတောင်ငြီးငြူသံတစိုးတစိတ်မှမထွက်ပဲကုတင်ဘေးနားမှာသာလေးပင့်နေတဲ့ခြေလှမ်းတွေနဲ့ခေါက်တုန့်ခေါက်ပြန်လျှောက်နေရသည်။မွေးချင်နေတာလားဆိုတာသေချာမသိပါဘာလို့ဆိုအမြဲညတိုင်းဒီလိုမျိုးနာကျင်နေရတာအခေါက်ပေါင်းမနည်းတော့ပါဖူး မွေးရက်ကလဲလိုသေးတော့မလိုအပ်ပဲဆေးရုံလဲမသွားချင်လှပါ။မိုင့်ကိုလဲနိူးပြီးမပြောပြချင်ဖူးသူ့ခမျှတနေ့တနေ့အလုပ်တွေလုပ်ရတာပင်ပန်းတဲ့အပြင်ပျားရည်ကိုပါဂရုစိုက်ရပြန်တော့ညဘက်ဆိုအတော်နောက်ကျမှအိပ်ရရှာတယ်မနက်ဆိုလဲအမြဲအစောကြီးထနေရတာတွေ့တယ်သနားလဲသနားသည့် အဲ့ကြောင့်မလို့ပဲသူရဲ့ညတိုင်းနာကျင်သမျှတွေမပြောပြချင်တော့ပါ...။

" အား ကျွတ် ကျွတ်!
နာလိုက်တာ..."

ဗိုက်ရဲ့ဘေးဘက်ခြမ်းကနာကျင်မှုကဘယ်လိုမှမခံနိုင်တော့တာကြောင့်နံရံကိုလက်တစ်ဖက်ဖြင့်ထောက်ကာကျန်တစ်ဖက်ကခါးကိုကိုင်ကာငြီးငြူမိလိုက်သည်။မွေးချင်လာပြီထင်ပါတယ် နာကျင်မှုကအတိုင်းအဆမရှိကိုဖြစ်ရတယ်...

" အချစ် ဘာဖြစ်လို့လဲ..."

အိပ်ရေးဆက်တဲ့မိုင်ကပျားရည်ရဲ့အသံကိုကြားတာနဲ့အိပ်နေရာကချက်ချင်းကောက်ထကာပျားရည်ရှိရာကိုအလျှင်အမြန်ပဲရောက်ချလာသည်။နာကျင်လွန်းလို့ဘာစကားမှပြန်မပြောနိုင်ပဲနဖူးစမှာချွေးတွေသီးနေတဲ့ပျားရည်ကိုဆိုးရိမ့်ထိတ်လန့်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ...

" အချစ် ‌မွေးချင်နေပြီလား
  ဗိုက်ထဲကအတော်နာနေလား "

" အင်း နာတယ် ! "

ပျားရည်ကိုကြည့်ရတာသူမှာစိတ်မချမ်းသာလှပါ။ဘယ်ကတည်းကခုလိုဖြစ်နေလဲမသိချွေးတွေကဗိုက်ဖုံးအကျီရဲ့ကျောပြင်မှာရွဲရွဲစိုနေတော့တာသူ့သာမအိပ်ပျော်ရင်ဒီလိုဖြစ်မှာမဟုတ်ဖူး ကိုယ့်ကိုကို့သာအပြစ်ဖို့နေမိတော့တယ်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now