Unicode...
" အချစ် ခေါင်းမူးနေသေးလား "
" ..... "
" မူးနေသေးတယ်ဆို ဆေးသောက်ရအောင်လေ
ဘာမှမစားထားရသေးရင် ကိုယ်မုန့်မှာပေးမယ်
ဘာစားမလဲ မာလာရှမ်းကောစားမလား ဆူရှီစားမလား "" ..... "
ရုံးခန်းထဲမှာ ပျားရည်ရယ်သူရယ် အတူရှိနေပေမဲ့ တစ်ယောက်ထဲစကားပြောနေရတာ အရူးကြီးလိုပါပဲ။ အချစ်ကလေးကဘာတွေ စိတ်အလိုမကျနေလဲမသိ ဖုန်းကိုသာ အာရုံစိုက်ထားတာ ဘေးမှာ ထိုင်ပြီး စကားတွေပြောနေတဲ့ သူကိုတောင်ရှိတယ်လို့တောင်ထင်ပုံမရပါ မျက်နှာကလဲ တစ်ခုခုအလိုမကျလို့ထင်တယ် စူပုတ်နေတော့သည်။
" အချစ် ဘာဖြစ်နေတာလဲ ခေါင်းအရမ်းမူးနေလို့လား
ဆေးရုံသွားကြမလား "" ..... "
" အချစ် ကိုယ့်ကိုစကားပြောဦးလေကွာ
ဘာဖြစ်နေတာလဲလို့ ဘာအလိုမကျဖြစ်နေတာလဲ
ကိုယ့်အကုန်ဖြေရှင်းပေးမယ် ပြော ! "" ဘာ မှ မ ဖြစ် ဖူး ! "
တိတ်ဆိတ်နေရင်းကနေ ခေါင်းတစ်ချက်စောင်းကာ မိုင့်ရဲ့ မျက်နှာကိုကြည့်ပြီး ပြောလိုက်တဲ့ ပုံစံက တစ်လုံးချင်းစီ ဒီလောက်ဆို သူသိသွားပြီ ပျားရည် သူကိုတင်းနေပြီဆိုတာ ဒါပေမဲ့ ဘာကိုတင်းနေမှန်းမသိတော့ ဖြေရှင်းဖို့ကလဲ အတော်ခက်လှသည် ။ နှာထင်နားကို တစ်ချက် နှစ်ချက်လောက် ကုတ်ကာ အတတ်နိုင်ဆုံးဖြေရှင်းရန် အတင်းထပ်တိုးလိုက်သည် ။
" ဘာမှမဖြစ်ဖူးဆိုရင် ကိုယ်ဖက်မယ်ကွာ တအားလွမ်းနေတာ "
" နင်သွား ! ငါအသားလာမထိနဲ့ ! "
" ဟာ ! ချက်ချင်းကြီးဘာဖြစ်သွားရပြန်တာလဲ "
" နင်လုပ်ထားတာ နင်မသိဖူးလား "
" ကိုယ် အချစ်ကိုဘာမှတောင်မလုပ်ရသေးဖူးလေ
ဖက်ဖို့ကြံတုန်းပဲရှိသေးတာ အချစ် ထအော်တာမဟုတ်ဖူးလား "" အော် နင့်ကငါကိုတစ်ခုခုလုပ်ဖို့တောင်
အကြံထုတ်နေသေးတာပေါ့ ဟုတ်လား "" အင်း ဟုတ်တယ် ! "
" ဘာ ဟုတ်တယ်လဲ မိုင်မင်းခေါင် ခွေးကောင်
နင်ကိုအသေသတ်မိတော့မှာနော် "
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်