နှလုံးသားရပ်ဝန်း အပိုင်း၂၂( Zg & Uni )

21K 513 52
                                    

Unicode...

" လင်းမြတ် မိုင်ကလာမှာကော ဟုတ်ရဲ့လား "

" လာမယ်တဲ့ သူပြောတာပဲ "

" အခုမှပြန်ရောက်တာကိုကွာ အလွမ်းသယ်နေမှာပေါ့
အချိန်တန်လာလိမ့်မယ် "

" ငါတို့ဒီကိုရောက်နေတာ အတော်ကြာနေပြီ
အဲ့ကောင်ကအခုထိမလာသေးဖူး အလွမ်းသယ်တာကြီးကလည်း
လွန်လွန်းတယ် "

ပွစိပွစိလုပ်နေတဲ့ ကောင်းခန့်ကို လင်းမြတ်နဲ့ သူရိန် အကဲခတ်ကြည့်လိုက်သည့် အရက်ခွက်လေးကိုင်ပြီး မျက်နှာကသုန့်မှုန့်နေတာများ လိုချင်မရလို့ စိတ်ကောက်နေတဲ့ ကလေးကြီးနဲ့တူနေသည် ။ ဒီလိုဆူပုတ်‌ေနတဲ့အဓိကအကြောင်းအရာကတော့ အိမ်မပိုင်တဲ့ သူ့ကောင်မလေးကို Clubကိုခေါ်လို့မရလို့တဲ့လေ ကျန်တဲ့သုံးကောင်က ကောင်မလေး ကိုယ်ဆီနဲ့ သူတစ်ကောင်ထဲခြားထဲမှာ လေလွင့်နေတာကိုတွေးပြီး အခဲမကျေနေတာဖြစ်သည်။ ဒီခြားထဲ သူ့ဘာသူနေတဲ့ ဟိုအတွဲကို ပွစိပွစိက လုပ်သေးပြန်တယ် တကယ်ကောင် သူ့ဘာသာသူခလေးအရွယ်လေးကိုကြိုက်ထားပြီး အပြင်ခေါ်ထုတ်မရတာကို လူတကာပတ်မဲနေတော့ပါသည် ။

" ဟော ! ပြောရင်းနဲ့ မင်းမျှော်နေတဲ့ ချစ်ချစ်ကြီးလာပြီ "

" ဒီမြေနိုးကတော့ ! "

သူ့တို့ထိုင်နေကြတာ အပေါ်ထပ်မလို့ မိုင်တို့လှေကားကနေ တက်လာတာကို လင်းမြတ်ကနေ မေးငေါ့ပြီးပြလိုက်သည် ။ ပျားရည်ရဲ့လက်ကို တွဲပြီး အောင်နိုင်သူ စစ်သူကြီးလိုတတ်လာများ သူတိူ့အဆင်မပြေတုန်းကဖြစ်နေတဲ့ မျက်ခွက်လိုမဟုတ် တော်တော်လည်းတတ်နိုင်တဲ့ အကောင် ။ အပေါ်ကိုရောက်လာတာနဲ့ ဆန့်ကျင်ဘက် ခုံမှာဝင်ထိုင်ပြီး...

" ကဲ သားလေးတို့ ဖေကြီးရောက်လာပါပြီ "

" ခွေးသူခိုးကတော့ ! အေး ပ္ပညှက်သွားဓာတ်သက်ပါတဲ့နော်
မင်းကလေးမွေးရင် သမီးမိန်းခလေးရမှ တကယ်ဖေ့ကြီးဖြစ်ပြီး ငါတို့ထဲကတယောက်ကို သမက်တော်ရမယ် "

" ခွေးစကားမပြောနဲ့ မအေးဘေးတွေ "

အရှေ့မှာချထားတဲ့ တစ်ရှုးဗူးကိုယူပြီး ကောင်းခန့်ကို ကောက်ပေါက်လိုက်တော့သည် ။ ဒါတောင် ပိုးမသေတဲ့အကောင်တွေ စနေကြသေးတာ ။ ပျားရည်ကတော့ သူတိူ့အဖွဲ့ကို ကြည့်ပြီး ရီနေရတာပေါ့ ဘယ်တော့မှလည်းတည့်မဲ့သူတွေမဟုတ် ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now