Unicode...
မိုင်လည်း ကနေဒါကိုပြန်သွားတာ ဒီနေ့နဲ့ဆို4ရက်ရှိပြီဖြစ်သည် ။ သူပြောတာတော့ 5ရက်လောက်ပဲကြာမယ်တဲ့လေ အခုပဲ4ရက်ဖြစ်နေပြီ ဘယ်အချိန်ပြန်လာမယ်မှန်းသေသေချာချာ ရေရေရာရာမပြောပြသေးပါ ။ ဟိုမှာ ကျန်ခဲ့တဲ့ အဆက်ဟောင်းတွေနဲ့များ ဇယားတွေရှုပ်နေမလားတော့ ခနခနတွေးနေမိတယ် ပြီးသွားရင်လည်း မဟုတ်လောက်ပါဖူးဆိုပြီး ကိုယ့်ဘာသာကို ဖြည့်တွေးလိုက်ပြန်သည် ။ မိုင်မရှိတော့ ဘယ်မှလည်းမသွားဖြစ် အိမ်တွင်းပဲအောင်းနေရတယ် အိမ်ထဲနေပြီးလည်း စာရေးလားဆိုတော့လည်း မိုင်ကိုလွမ်းနေရလို့ ဘာတစ်လုံးမှမရေးဖြစ်ပါ ။ ထိုင်နေရင်း ပျင်းလာတာကြောင့် စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းကို ဖွင့်ပြီး IGထဲသာဝင်လိုက်သည် ။ စဝင်လိုက်တာနဲ့ မိုင် လွန်ခဲ့တဲ့2ရက်က ဘွဲ့ယူထားတဲ့ပုံတွေက တစ်သီတစ်တန်းပင် Cmtပိတ်ထားတော့ ဘယ်သူမှမန့်ရေးမရတော့ ပိုသေချာမိတယ် မဟုတ်ရင် Postအောက်က မိန်းမတွေကြောင့် သဝန်ကတိုရဦးမည် popular ဖြစ်တဲ့သူကို ချစ်သူတော်ထားတာလည်း တကယ်မလွယ်လှပါ ။
" ငါကောင်လေးက ချောလိုက်တာ "
ပုံလေးတွေတစ်ပုံပြီးတစ်ပုံထောက်ကြည့်ပြီး သဘောကျနေတာလည်း အလွန်ပါပဲ ။ အဲ့လိုလေးမြင်တော့လည်း သူသာလိုက်သွားရင် မိုင်နဲ့အတူတွဲရိုက်ရမှာဆိုပြီး တွေးပြီး ဝမ်းနည်းမိပြန်ရော ခေါ်တုန်းက ဇွတ်ငြင်းခဲ့တာ အခုမှပဲ နောင်တရနေပါသည် ။ မိုင်ပုံလေးတွေကြည့်ရင် လွမ်းလိုက်တာလို့ တွေးမိနေတဲ့အချိန် မိုင်ဆီကVd call ဝင်လာတော့ အတော်ကို ပျော်သွားရတော့သည် ချက်ချင်းမကိုင်သေးပဲ နည်းနည်းလောက်ကြာတော့ကိုင်လိုက်သည် ။
" အချစ် ဘာလို့ ဖုန်းခေါ်တာ ချက်ချင်းမကိုင်တာလည်း "
" အခုကိုင်ပြီပဲကို "
" ကဲ ထားပါတော့ ထမင်းစားပြီးပြီလား "
" မနက်7နာရီကျော်ပဲရှိသေးတာ ထမင်းတော့
ဘယ်စားရဦးမလည်း "" အော် ဟုတ်သားမြန်မာပြည်နဲ့ကနေဒါက 13နာရီခွဲကွာတာ ကိုယ်မေ့သွားတာ ဆောတီး "
VD callထဲကနေ မြင်နေရတဲ့ မိုင် အခန်းကမီးမှိန်ပျပျသာ မိုင်ကတော့ ခါတိုင်းလိုပါပဲ ချောနေတုန်းပဲ ။ နောက်တနေ့ရဲ့ မနက်တောင်ရောက်နေပြီကို မိုင်က ဘာလို့မအိပ်သေးတာလည်း ဒါမဟုတ် အခုမှ အပြင်ကပြန်ရောက်တာလား ကိုယ့်ဘာသာကို မေးခွန်းတွေထုတ်နေမိချိန်...
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်