နှလုံးသာရပ်ဝန်း အပိုင်း ၃၃(Zg&Uni)

18.4K 415 20
                                    

Unicode...

ခန္ဓာကိုယ်တစ်ခုလုံးလှုပ်မရအောင်နာကျင်နေပြီး တင်းတင်းကျပ်ကျပ်အဖက်ထားရမှုကြောင့်ပျားရည်ဟာလှုပ်၍မရပါ။ မိုင်ကိုကြည့်လိုက်တော့လဲအခုထိအိပ်လို့ကောင်းတုန်းပင် ညတုန်းကသောင်းကျန်းချင်တိုင်းသောင်းပြီး အရှိန်ကတော်တော်မသေ မနက်လင်းကနီးမှအကြောကသေသွားတော့ ပျားရည်မှာဘယ်လောက်မှမအိပ်ရသေးပါ။

" မိုင် ...မိုင် ။ ထဦးငါရေချိုးချင်လို့ "

" ဟင် ! အင်း "

လူကရေချိုးချင်လို့အတင်းဖက်ထားတာလွှတ်ပေးရန်ထဖို့ပြောတာကိုကိုတော်ချောကမလွှတ်ပေးတဲ့အပြင်ပိုတိုးလို့တောင်ဖက်ပြီးထပ်အိပ်သွားပြန်တယ် စောင်တွေနဲ့ပတ်ပြီးဖက်ထားတော့ခန္ဓာကိုယ်ကစောင်ပုံထဲမှာနစ်မြုံရင်းကိုမြုံနေတော့သည့် တကယ်ပါပဲဘယ်လိုထရမလဲ ။

" သမီးပျားရည်ရေ နိုးပြီလား ! "

" ဟင် ! အန်တီနှင်းဆီ "

" သမီးပျားရည် ပျားရည်ရေ "

" သေလိုက်ပါတော့ ။ ဟဲ့ မိုင်ရေ မိုင်ထပါဦး "

" ဘာလဲဟာ ဘယ်လောက်မှ‌တောင်မအိပ်သေးရတာကို "

ဒင်းကအိပ်ရေးမဝတဲ့အကြောင်းတွေလာငြီးပြနေတယ် အခန်းပြင်မှာသူ့အမေကလာခေါ်နေတာမကြားဖူးလားမသိ။ သူတို့နှစ်ယောက်ကိုဒီလိုအခြေအနေနဲ့တွေ့သွားရင်တော့ အရှက်တော့ကွဲရချည်ရဲ့...

" နင့်အမေအခန်းပြင်မှာရောက်နေတယ် ငါ့ကိုလွှတ်ပေးဦး "

" ကျစ် ! မာမီတို့ကလဲစောစောစီးစီးဘာကိစ္စလဲမသိဖူး
  အိပ်ရေးမဝသေးပါဖူးဆို "

" အိပ်ရေးမဝသေးရင်လဲ နောက်မှပြန်အိပ် အခုအရင်ထဦး "

ပွစိပွစိပြောကာ ကုတင်ဘေးမှာကျနေတဲ့သူ့အဝတ်အစားတွေကိုကောက်ဝတ်ပြီးပျားရည်ရဲ့နဖူးကိုနူးနူးညံ့ညံ့လေးနမ်းလေပြန်သည်။

" အချစ်ရေချိုးလိုက်ဦး ကိုယ်ထွက်တွေ့လိုက်မယ် "

" နင်ထွက်ရင် ငါတို့အတူတူအိပ်တာသိသွားမှာပေါ့ "

" သိပါစေပေါ့ဘာဖြစ်လဲ "

" ဒါပေမဲ့ ... ! "

" တော်ပြီ။ စကားအရမ်းများတယ်ရေချိုးခန်းထဲသွားတော့ "

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now