Uni
ရဲစခန်းကနေ လင်းမြတ်အိမ်ကိုအကုန်လုံးရောက်လာကြသည့်တိုင် ပျားရည်ဟာ ဧည့်ခန်းမှာ ကျောက်ရုပ်ကြီးလိုထိုင်ပြီး ဘာစကားတစ်ခွန်းမှကိုမပြောပါ အခုအခြေအနေကပြောရမယ်ဆို မုန်တိုင်းမလာခင်လေငြိမ်နေသလို့ပါပဲ ။ ဟိုကောင်တွေကလည်း ဘယ်ရောက်သွားကြမှန်းမသိ တစ်ယောက်ကိုမရှိတော့တာ ကိုယ့်ဖြစ်ကိုခံဆိုပြီး ထားခဲ့အတိုင်းပင် တစ်စက်မှအားကိုးမရတဲ့အကောင်တွေပါ ။ ဒီတိုင်းသူ့ဘေးနားကပ်ထိုင်ပြီး ငြိမ်ငြိမ်လေးနေတာကြာလှပြီ ဒီတိုင်းဆက်မနေနိုင်တော့ စကားပြောရန် အနားကိုနည်းနည်းထပ်တိုးလိုက်သည် ။
" ပျားရည် ငါလေ..."
" ရေသွားချိုး ! "
စကားစပြောတော့ ပျားရည်ဘက်ကပြန်ပြောပေမဲ့ လူကိုတစ်ချက်တောင်မကြည့်ပါ ။ စပြောတဲ့စကားကလည်း ဘာမှမသက်ဆိုင်တဲ့စကား ရေသွားချိုးတဲ့လေ ။
" ဟမ် ! "
" နင်ကိုနင့်လည်းပြန်ကြည့်ဦး စုတ်ပြတ်သက်နေတာပဲ
ရေသွားချိုးလိုက် ပြီးရင် နင့်ဒဏ်ရာတွေငါဆေးထည့်ပေးမယ် ! "ကိုယ့်ကိုပြန်ကြည့်လိုက်တော့လည်းဟုတ်တာပါပဲ တစ်ကိုယ်လုံး ညစ်ပတ်ပြီးရှပ်အကျီကကြယ်သီးတွေဆိုအပေါ်သုံးလုံးတောင်မရှိတော့အထိကိုဖြစ်နေသည် ။ ဒါပေမဲ့လည်း ပျားရည်ပုံစံကိုကြည့်ပြီး ဖင်မကြွနိုင်သေး စိတ်ဆိုးနေတာတော့ သေချာပါတယ် မသေချာတာက ရန်ဖြစ်လို့လား ဟိုခွေးသားကိုထိုးလိုက်လို့လား ဒါမှမဟုတ် သူစခန်းကိုလိုက်လာရလို့လား မေးခွန်းတွေကအပြည့်ကိုဖြစ်နေသည် ။
" ပျားရည် နင်ငါ့ကို စိတ်ဆိုးနေတာလား ! "
" ရေသွားချိုးလို့ ငါပြောတယ်မှတ်လား
ဘာလို့ အရစ်ကြောရှည်နေရတာလည်း "" ဒါပေမဲ့...! "
" နင့်ကိုငါသွားလို့ပြောနေတယ်နော် "
" အေးပါ အေးပါ သွားပြီ ! "
စကားနားမထောင်လို့လည်းမရပါ သူ့အသံက လိုတာထပ်ပိုတင်းနေပြီလေ ။ ပုံမှန်နေ့တွေဆို သူ့တစ်ခွန်းကိုတစ်ခွန်းပြောပြီးရန်ဖြစ်ပေမဲ့ ဒီနေ့တော့ ဘာမှကိုပြန်မပြောရဲတဲ့အထိပါ ကိုယ့်အပစ်နဲ့ကိုဆိုတော့လည်း ပါးစပ်ပိတ်နေရသည် ။
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်