နှလုံးသားရပ်ဝန်း အပိုင်း ၄ ( Zg & Uni)

26.1K 676 22
                                    

Unicode...

ငမူးလေးကောင်ကြောင့် သောက်ထားတဲ့ဝိုင်အရှိန်တောင်ဘယ်နားကပ်သွားမှန်းမသိတော့ပါ ။ ပွဲလည်းပြီးသွားပြီဖြစ်တာ ကြောင့်ဧည့်သည်တွေလဲမရှိတော့သလို အလုပ်သမားတွေလဲ ပစ္စည်းများကိုသိမ်းစည်းနေကြပြီဖြစ်သည်။

လင်းမြတ် ကောင်းခန့် သူရိန် တို့ကို အပြင်မှာချထားတဲ့ ဆိုဖာပေါ်တင်ထားရပြီး ပျားရည်ကိုတော့ ပုဝါအရှည်နဲ့ပတ်ကာပွေ့ချီထားရသည်။ အခုထိလည်း အိမ်ထဲမဝင်ရသေး ဒီဟာတွေကို ဘယ်လိုအထဲထည့်ရမလဲစဉ်းစားရတာ ‌ချွေး‌တွေပါပျံလာရသည်။ ဒီခြားထဲသူ့လက်ပေါ်ကပျားရည်ကအငြိမ်မနေယောင်နေတာလား ဘာလားမသိ လည်ပင်းကိုအတင်းဖက်ကာ တဖွဖွနမ်းနေလေတော့မိုင်မှာပြူးကြောင်သွားရသည့် ဒင်းကတော့မျက်လုံး‌တောင်ဖွင့်မလာခဲ့ ။

စိတ်ကမရိုးမယွဖြစ်လာတာကြောင့် လက်ထဲကနေ ပစ်ချရမလား ဆက်ပဲချီထားရမလားနဲ့ပင် ဒူးတွေပါချောင်ချင်လာရသည်။ တော်တော်ဒုက္ခပေးတဲ့ ဟာမလေး ။ ဒီအခြေနေတိုင်းဆက်နေရင် မဖြစ်တော့ပါ တစ်ခုခုလုပ်မှရတော့မည်။

" ဦးသိန်းစံ ဦးသိန်းစံ ! ကျွန်တော်ဆီလာပါဦး "

" အကိုလေး ဘာခိုင်းစရာရှိလို့လည်း "

" ဦးလေး ပစ္စည်းတွေသိမ်းလို့ပြီးပြီလား "

" ဟုတ်ကဲ့ ပြီးပါပြီ "

" အဲ့တာဆို ဟို 3ကောင်ကို အောက်ထပ်ကအခန်းတစ်ခုဆီထည့်ပေးလိုက်ပါ မူးနေတာ လူမှန်းသူမှန်းတောင်မသိတော့ဖူး "

" ဟုတ်ကဲ့ပါ သခင်လေး "

ဦးသိန်းစံက အလုပ်သမား 3ယောက်လောက်ကိုခေါ်ပြီး ဟိုကောင်3ယောက်ကို အထဲထည့်ပေးတော့သည်။ အခုတော့ သူ့အလှည့်ပါ ကလည်အူကြောင်မကိုဘယ်နားထားရမှန်းမသိ တခြားခန်းမှာထားရင်လဲလူကြီးတွေသိရင်ပျားရည်အဆူခံရလိမ့်မည်။  မတတ်နိုင်တော့ဖူး သူ့အခန်းထဲပဲခေါ်သွားရတာပေါ့ သက်ပြင်းတစ်ချက်ချပြီး အိမ်ကြီးဆီသို့ လှမ်းလာခဲ့တော့သည်။

လူကြီးတွေမမြင်အောင်ကွေ့ပတ်ကာရှောင်ရင်း အခန်းတံခါးဝရောက်သည့်နှင့် လက်ကမအားတာကြောင့် ခြေတောက်နဲ့သာကန်ဖွင့်ပြီး ဝင်လာခဲ့ရသည်။ မှောင်မဲနေတဲ့အခန်းထဲကိုဝင်လာပြီး သူမကိုမွေ့ယာပေါ် ညင်သာစွာတင်ပေးလိုက်သည်။ အခုမှသာအသက်ရူချောင်ရတော့တယ် ကြာကြာပွေ့ထားရင်ဘာဖြစ်မယ်မှန်းမသိ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now