Unicode...
ဒီနေ့ဆိုအလှုနေ့ကိုရောက်လာပြီဖြစ်သည်။ နေ့လယ်၂နာရီဆိုတာနဲ့ ရှင်လောင်းလှည့်တော့မယ်ဖြစ်တာကြောင့် ခြံဝိုင်းထဲမှာ မြင်းတွေနဲ့လူတွေအပြည့်ဖြစ်နေတော့ သူ့တိူ့မှာနေစရာနေရာတောင်မရှိပါ။ ရွာလှုမလို့လားမသိ လာကူတဲ့သူတွေမှ နည်းတာမဟုတ်ဖူး တော်တော်လည်းပျော်ဖို့ကောင်းသည်။ သူများတွေအလှအပတွေပြင်ဆင်ပြီး ပျော်နေတဲ့အချိန်မှာ မပျော်နိုင်တာကတော့ သူ့တို့၄ယောက်ပါ ဒီရွာကနေပြန်ရင်ပြန်မပြန်ရင်တော့ ချွေးထွက်လွန်ပြီးသေတဲ့ မသာ ဆိုပြီး နာမည်ကြီးတော့မှာမြင်ယောင်နေပါ့ပြီ ။
" ငါ့တော့တကယ် ပူလွန်းလို့ သေတော့မယ်ကွာ "
" အေးကွာ "
၄ယောက်လုံး လည်ဂတုံးလက်ရှည် နဲ့ ပဆိုးကိုဝတ်ထားရတော့ ဒီဒေသပူကပူ အဝတ်အစားကလည်း အကုန်အရှည်ဆိုတော့ညီးထွားနေကြခြင်းဖြစ်သည်။ မိုင်ကတော့ထုံစံအတိုင်းအနက်ကြိုက်သူမလို့ အနက်ရောင်လည်ဂတုံးနဲ့ ပဆိုး အနက်အညိုစပ်ထားတဲ့ကွက်စိတ်လေးကိုဝတ်ထားသည့် ဆံပင်ကိုတော့ ခါတိုင်းမတူဘဲ ဂျယ်သုံးကာ အကုန် လှန်ဖြီးထားတော့ မျက်နှာလေးကရှင်းသန့်နေတော့သည်။ သူရိန်ကတော့ နဂိုကတည်းအပြာနုရောင်ကြိုက်သူမလို့ အပြာရောင်ကိုသာဝတ်သည့် ဆံပင်ကနဂိုကတည်းကအတိုဆိုတော့ ဘာမှထွေထွေထူးထူးမလုပ်ဘဲ ခါတိုင်းလို့သာသေချာလှန်ဖြီးထားလိုက်သည်။ လင်းမြတ် ကတော့ ၄ယောက်ထဲကတုံးကေနဲ့အသားအရေကညိုတတလေးဆိုတော့ ဘာဝတ်ဝတ်လိုက်နေတော့သည်။ကောင်းခန့်ကတော့ ခဲရောင်ကိုသာဝတ်ထားပြီးအသားလဲဖြူသူမလို့အဆင်ပြေလှသည့်ဆံပင်ကတော့ပင်ကိုယ်အကောက်မလို့ ဘာမှလုပ်စရာမလိုပါ။ လေးယောက်လုံးရဲ့ရုပ်ရည်အသွင်အပြင်က အကုန်တန်းတူရှိကြပြီး အခုချိန်မှာတော့ အကုန်လုံးသန့်ပြီးခန့်နေကြသည်။
ဘုန်းကြီးကျောင်းမသွားခင်တော့ အိမ်အရှေ့မှာ၄ယောက်လုံးဆောင့်ဆောင့်ထိုင်ချကာ ယပ်ခပ်နေရတော့သည်။ ပူတာကြီးတော့ဘယ်လိုမခံစားနိုင်ပါ။
" ဟဲ့ နင်တို့တွေဘယ်လိုဖြစ်နေကြတာလည်း "
အနောက်ကိုလှည့်ကြည့်လိုက်တော့ ရွှေရည်နဲ့ ပျားရည်ဖြစ်သည်။
ရွှေရည်က အစိမ်းနုရောင်ဝမ်းဆက်လေးဖြစ်ပြီး ပျားရည်ကတော့ ပိတောက်ခြောက်ရောင် ဝမ်းဆက်လေးနဲ့ဖြစ်သည်။ ပျားရည်ရဲ့ နဂိုဖြူနေတဲ့အသားအရေနဲ့ ဒီပိတောက်ခြောက်ရောင်ဝမ်းဆက်လကအတော်လိုက်ဖက်ပါသည်။ တခါမှပန်းမပန်တဲ့သူ့ကဒီနေ့ကျမှ နှင်းဆီပန်း အဝါလေးကိုလည်းပန်ထားသေးတော့ ဘယ်လိုမှအကြည့်မကွာနိုင်ကို လှနေတော့သည်။
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်