နှလုံးသားရပ်ဝန်း အပိုင်း၃၁ (Zg&Uni)

17K 392 8
                                    

Unicode...

အိမ်ကြီးဆီရောက်တော့ ဧည့်ခန်းမှာထိုင်ပြီးမိုင့်ရဲ့ဖွားဖွားဒေါ်ထိပ်ထားသစ္စာက ပျားရည်ကိုစောင့်နေပုံရသည်။ ဖိနပ်ကိုသေချာချွတ်ကာအိမ်ထဲမှာဝတ်သည့်ဖိနပ်ကိုပြောင်းစီးပြီး ဖွားဖွားနားသွားလိုက်သည်။

" စောင့်ရတာကြာသွားလားဖွားဖွား "

" ဒီလူနဲ့ဒီလူပြောစရာလိုလို့လားဟင် ! "

" သမီးကအားနာလို့ပါဖွားဖွားရဲ့ "

" သမီးကသာအားနာနေတာတစ်စုံတစ်ယောက်ကတော့
  အခုချိန်ထိကိုဆင်းမလာသေးတာသိလား "

ဖွားဖွားပြောတဲ့တစ်စုံတစ်ယောက်ဆိုတာ မိုင်ဖြစ်နိုင်လောက်သည်။သူတို့နှစ်ယောက်ကိုဖွားဖွားကသီးသန့်ခေါ်ပုံထောက်ရင်တစ်ခုခုကိုသေချာပြောတော့မည်ထင်တယ် သူတို့နှစ်ယောက်ပြသနာဖြစ်ထားတာ ပျားရည်မာမီရောမိုင့်မာမီရောတောင်သိတာ ဖွားဖွားဆိုပိုလို့တောင်သိဦးမည်။ ကိုယ့်လုပ်ထားတဲ့အပစ်ကိုပဲသိတာမလို့ မိုင်ဆင်းရင်ဘယ်လိုမျက်နှာပြရမလဲကိုတွေးပြီး ခန္ဓာကိုယ်ကအေးပြီးခြေတွေလက်တွေတုန့်လာရသည်။

" သမီးလက်တွေဘာလို့တုန်နေတာလဲ
  အဲကွန်းကတအားအေးနေလို့များလား "

" ဟမ် ဟင် မဟုတ် မဟုတ်ပါဖူး ဖွားဖွားရယ် "

သေသာသေလိုက်ချင်ပါတယ်မဟုတ်ဖူးလို့ပြောသာပြောတယ်အရေးထဲကစကားကလာထစ်နေတယ် ဒေါ်ပျားရည်တို့ကအရေးအကြောင်းဆိုဇာတ်လမ်းကစလာပြန်ပြီ။ ဖွားဖွားသစ္စာကပျားရည်ဖြစ်နေပုံကိုကြည့်ပြီးသဘောတကျပြုံးကာတကယ်အေးလို့တုန်နေတယ်ထင်ပြီး အလုပ်သမားတစ်ယောက်ကိုအဲကွန်းအအေးလျော့ခိုင်းလိုက်သည်။

" အအေးလျော့ခိုင်းလိုက်ပြီနော်အခုအဆင်ပြေပြီလား "

" သမီးအေးလို့ဖြစ်နေတာမဟုတ်ပါဖူး "

" ကဲ အဲ့ဆိုဘာကြောင့်လဲပြောပြပါဦး "

ဒုက္ခတော့ရောက်ပြီ ဘာကြောင့်လဲဆိုပြီးမေးနေပြီ ဖွားဖွားရဲ့မြေးကြောင့်လိုပြန်ဖြေလိုက်ဖို့ကျတော့လဲ အဆင်မပြေလှဒီနေရာကနေသာအငွေ့ပျံပြီးပျောက်သွားလိုက်ချင်ပါတယ်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now