Unicode...
" အဲ့ဝတ်စုံဆိုအဆင်မပြေဖူးနော်
နောက်တစ်စုံထပ်ရွေး "" ဘာဖြစ်ရပြန်ပြီလဲ "
" ရင်တအားဟိုက်တယ် "
" ဒါနဲ့ဆိုပြောင်းနေတာ၅စုံရှိနေပြီနော် "
မိုင်အလုပ်မသွားခင်မဂ်လာဝတ်စုံလာကြည့်ကြတာ မနက်၉လောက်ကတည်းကပင်အခုဆို၁၁နာရီတောင်ထိုးတော့မယ်သတို့သမီးဖြစ်တဲ့ပျားရည်မှာအဲ့လောက်ဂျီးမများရဖူးမိုင်မှာကတော့ပျားရည်ဝတ်သမျှဝတ်စုံတွေကိုထိုင်နေရင်းကိုဝေဖန်နေတာပြီးကိုမပြီးနိုင်တော့ပါဖူး လူကလဲသူကြောင့်မဂ်လာဆောင်ချင်စိတ်တွေတောင်ပျောက်နေပြီ။
" မမြင်ဖူးလို့အလွတ်မှတ်မိအောင်ကြည့်နေတာလား "
" နင်တရားအရမ်းလွန်နေပြီမထင်ဖူးလား "
" ဘာကလဲ ဘာကတရားလွန်တာလဲ "
" ငါအသဲတွေယားလာပြီနော် တော်ပြီနင်စိတ်ကြ်ိုက်တစ်စုံကို
နင်ထရွေးလိုက် အဲ့တာပဲငါဝတ်တော့မယ် "" အစကတည်းအဲ့လိုပြောရမှာ
အချစ်ရွေးတာတွေကိုယ်တစ်ခုမှမကြိုက်ဖူး "ပြောပြောဆိုဆိုနဲ့ထကာ သတို့သမီးဂါဝန်တွေထားတဲ့နေရာဆီသွားပြီးဝန်းထမ်းကောင်မလေးတွေကိုတစ်ခုပြီးတစ်ခုပြခိုင်းထားလေသည် ။ပျားရည်လဲကိုယ့်ဘာသာကိုထိုင်ခုံမှာဝင်ထိုင်နေလိုက်တယ်သူ့လုပ်ချင်တာတွေလုပ်ရမှ ရွေးတဲ့ကိစ္စကပြီးမှာမဟုတ်ရင်မဂ်လာပွဲနေ့ရောက်တဲ့အထိရွေးလို့ပြီးမဲ့အနေအထားမှာမရှိဖူး။
" အဲ့တာလဲမကြိုက်ဖူး တအားပါးတယ် "
" အဲ့တာကျတော့လဲ ကျောကဗြောင်ကြီး
အဆင်မပြေဖူး "ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီးဝန်းထမ်းတွေပြသသမျှကိုငြင်းဆန်နေတာသူကြိုက်တာတစ်ခုမှကိုမတွေ့သေး သူ့ကတော့အေးအေးလူလူငြင်းရတာဟုတ်ပေမဲ့ သူကြောင့်အလုပ်ရှုပ်ရတဲ့ဝန်ထမ်းတွေကိုတော့ပျားရည်မှာအားနာမိတာအမှန်ပင်။
" မိုင်ရေ တော်ရုံပဲလုပ်လေသူများတွေကိုအားနာစရာကြီး "
" ပိုက်ဆံပေးပြီးဝယ်မှာအလကားယူတာမဟုတ်ဖူး
အားနာစရာဘာရှိလို့လဲ "
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်