Extra (1 )

12.9K 248 5
                                    

Unicode ...

" မင်းလုပ်ပုံကဒီလောက်ကြီးကျ
  မဟုတ်သေးဖူးလေ အချစ်ရာ!! "

" ဘာလို့မဟုတ်ရမှာလား ငါလုပ်ရပ်တွေက
အကုန်မှန်တယ်..."

" ဟုတ်ပါတယ် ကိုယ့်မိန်းမလုပ်ရပ်တွေ
စကားလုံးတွေအကုန်လုံးကဘယ်အချိန်ဖြစ်ဖြစ်
အကုန်မှန်ပါတယ်ဒါပေမဲ့အခုကိစ္စကြီးကျ..."

" ဘာမှထပ်မကြားချင်ဖူး....ခုချက်ချင်း
အခန်းပြောင်းအိပ်!!"

ကုတင်ပေါ်မှာထိုင်နေရင်းကနေသူ့ကို‌အော်လဲအော်တဲ့အပြင်လက်ညိုးထိုးပြီးအခန်းပြောင်းအိပ်ခိုင်းနေတဲ့သူ့ရဲ့မိန်းမပျားရည်ကိုကြည့်ကာမိုင့်မှာအသဲတယားယားဖြစ်လာရသည်။စကား ကောင်းကောင်းပြောဖို့ရာနည်းနည်းလှမ်းတဲ့အကွာအဝေးကနေနီးကပ်တဲ့အထိတိုးသွားလိုက်ပြန်တော့...

" ဘုတ်! "

" ထွက်သွားလို့ပြောနေတယ်မှတ်လား "

အနားတိုးလာတဲ့သူ့ကိုခေါင်းအုံးနဲ့ပါပစ်ပေါက်ပြန်တဲ့အပြင်ထပ်ပြီးထွက်သွားခိုင်းတဲ့စကား‌တွေ‌ပြောပြန်တယ်ပျားရည်ကဘာပဲဖြစ်ဖြစ်ဘယ်လောက်ပဲဆိုးဆိုးချစ်နေရတဲ့သူမလို့စိတ်ကိုဟိုးဂိတ်ဆုံးထိလျော့ချထားသည်ခုချိန်မှာဒေါသထွက်ပြရတာထပ်နူးနူးညံ့ညံ့လေးနဲ့နားဝင်ပြောအောင်ပြောတာကပိုထိရောက်လိမ့်မည်...။

"စိတ်ကိုလျော့ပါမိန်းမရယ် မွေးခံနီးဖွားခံနီးကြီး
ကိုယ့်ယောင်္ကျားကိုခုလိုဒေါသထွက်နေရင်မွေးလာမဲ့
ခလေးကဆံပင်မပါလာပဲဖြစ်နေလိမ့်မယ်သိရဲ့လား..."

"နင်ကိုဒေါသထွက်ရလို့ခလေးမှာဆံပင်မပါလာလဲကိစ္စမရှိဖူး
သံလွင်ဆီလူးပေးလိုက်မယ်...."

စိတ်ပြေလို့ပြေငြားပြောလဲဘာမှမထူးဖူးပိုလို့တောင်ကန့်လန့်တိုက်ပြန်ပြောသေးတာမျက်‌စောင်းကလဲထိုးလိုက်တာခဏခဏအဲ့မျက်စောင်းမှာသာမီးတွေပါရင်သူ့ကတော့ဒီနေရာမှာတင်ပြာဖြစ်နေလိုက်ပြီ။ဘယ်လိုချော့နည်းနဲ့ချော့ရမှန်းလဲမသိတော့ဖူး ချော့နည်းရှိတယ်ဆိုရင်တောင်ပျားရည်ကဘာကိုဒေါသထွက်နေမှန်းကိုသူ့မသိပါပုံမှန်တိုင်းတောင်သူ့မိန်းမစိတ်ကိုမှန်းရခက်နေတာခုလိုကိုယ်ဝန်ကြီးနဲ့ဖြစ်နေချိန်ဆိုတော့ဘယ်လိုလိုက်မှီအောင်လုပ်မလဲမသိစိတ်ကအတတ်အကျလဲတအားမြန်သေး စိတ်ရှုပ်ရှုပ်နဲ့သက်ပြင်းတွေအခါခါချရင်းသူ့ကိုဒေါသထွက်တဲ့အကြောင်းအရင်းကိုသိအောင်တော့မေးကြည့်ရမည်...။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now