နှလုံးသားရပ်ဝန်း အပိုင်း၁၀ (Zg&Uni)

22.6K 651 70
                                    

Unicode...

အခုဆို ၁၀တန်းစာမေးပွဲကြီးလည်းဖြေပြီးသွားလို့
သက်ြန်‌တောင်ရောက်နေပြီဖြစ်သည် ။ သက်ြန်‌ရောက် လည်း နှစ်တိုင်းပျားရည်ဘယ်မှမသွားဖြစ် အိမ်ထဲမှာပဲ မိသားစုနဲ့အတူဖြတ်သန်းလေ့ရှိသည်။ ဒီနေ့လည်း အိမ်မှာသက်ြန်ပါတီလေးလုပ်မလို့ဆိုပြီး သူရိန်တို့အဖွဲ့ရယ် ရွှေရည်ရယ် ပြီးတော့ မိုင်တို့ရဲ့မိဘတွေကိုလည်းခေါ်ထားသေးသည်။ ပြင်ဆင်စရာလေးတွေကို ရွှေရည်နဲ့အတူပြင်ဆင်နေရင်း အိမ်ရှေ့ကဆူဆူညံ့ညံ့အသံ ပြေးထွက်ကြည့်လိုက်တော့ သူရိန်တိူ့ဖြစ်နေသည်။

" မင်းအရင် ကားအဖုံးဖွင့်လေ "

" ဟာ ! ‌သူရိန်တို့ခွေးစကားပြောပြန်ပြီ ငါ့လက်ထဲမှာဒီလောက်
ဘီယာတွေအရက်တွေ အကဒ်လိုက်သယ်ထားတာ ဘယ်လက်နဲ့ဖွင့်ရမှာ အောက်ကညီလေးနဲ့ကလော်ပြီးဖွင့်ရမှာလား "

" တော်လိုက်တော့ကွာ နည်းနည်းလုပ်ရရင် စောက်အသံကိုထွက်ကြတယ် မအေဘေးတွေ "

"ငလိုးမ ကတုံး မင်းလည်း ဆရာကြီးမလုပ်နဲ့ "

လိုတာလေးတစ်ခါသွားဝယ်ခိုင်းလိုက်ပါတယ် ပစ္စည်းသယ်ရလို့ဆိုပြီး သုံးယောက်သားရန်ဖြစ်နေတာ အိမ်ထဲတောင်မဝင်နိုင်သေး။ ရွှေရည်ကို လက်တို့ပြီး သူရိန်ကိုသွားခေါ်ခိုင်းတော့ စပ်ဖြီးဖြီး ရုပ်နဲ့ အိမ်ထဲဝင်လာတော့သည်။ အနောက်က လင်းမြတ်နဲ့ကောင်းခန့်က ဘုကြည့်ကြည့်ပြီး ထဆဲလေတော့သည် ။

" တော်တော် တရားကျဖိူ့ကောင်းတဲ့အကောင် စော်ကပြောတော့တန်းပြီးကိုဝင်သွားတာ "

" ထားလိုက်စမ်းပါကွာ ပစ္စည်းတွေသယ်အိမ်ထဲဝင်မယ် "

သူတို့ကိုမြင်တော့လည်း မိုင်ကိုသတိရမိတယ် အခုဆို သူ့ထွက်သွားတာ 2လကျော်တောင်ဖြစ်နေပြီဖြစ်သည် ။ သူ့ထွက်တုန်းကပျားရည်ဆီကို ငါ့ထွက်သွားပြီဆိုတဲ့ စာလေးကလွဲလို့ဘာတစ်ခုမှမပို့တော့တာအခုချိန်ထိပါပဲ ။ သူတအားနေနိုင်လွန်းတယ် ပျားရည်သူ့ကိုလွမ်းတယ် ပြေးတွေ့ချင်တယ် ဖက်ထားချင်တယ် သူ့ဘက်ကတော့ ဘယ်တော့မှပျားရည်ကိုလိုလိုချင်ချင်မရှိခဲ့ အမြဲသူနဲ့ဝေးရာကိုပဲရောင်အောင်ပို့နေခဲ့တယ် ဒါတွေကိုသိတဲ့ပျားရည်ကကောသူ့ကိုစိတ်နာနိုင်ခဲ့လို့လားလို့ ကိုယ့်ကိုပြန်မေးနေရတာ ဘယ်နှကြိမ်မှန်းမသိဖြစ်နေပါပြီ ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now