Unicode...
* တီ တီ *
" ဘယ်သူတွေလည်းဟ "
* တီ တီ *
" လာပြီ လာပြီ "
ရေချိုးပြီးလို့ တဘက်ပတ်ရုံရှိသေးတယ် အပြင်ကအဆက်မပြတ်တီးေနတဲ့ဘဲလ်တီးသံကြောင့် ရင်လျားကြီးသာပြေးထွက်လာရသည် ။ မနက်စောစောစီးစီး ဘယ်သူတွေမှန်းမသိ ။ ရင်လျားကြီးဖြစ်နေတာကြောင့် ခန္ဓာကိုယ်ကို တံခါးနဲ့ကွယ်ပြီး ခေါင်းသာထွက်ပြီး ဖွင့်လိုက်သည် ။
" ရွှေရည် ! "
" ဟီး ဟီး ယောင်းမလေး မနက်စောကြီးရောက်လာမိတာ
ဆောတီး ! "သွားတွေအအေးပတ်မတတ်ရီပြီး မျက်နှာချိုသွေးနေတတ်တဲ့ရွှေရည် ဘာတွေဒုက္ခပေးဦးမလည်းမသိတွေးပြီးကြောက်နေရသည် ပြီးတော့ သူအနောက် မိန်းခလေးနှစ်ယောက် ဘယ်သူတွေမှန်းတော့ သေချာမသိသလို့ တစ်ခါမှလည်းမမြင်ဖူးပါ ။
" ရွှေရည် သူတို့နှစ်ယောက်က ဘယ်သူလည်း "
" အိမ်ထဲအရင်ပေးဝင်ဦးလေ "
" မေ့သွားလို့ပါ လာလာ "
ရွှေရည်အနောက်ကနေ ဟိုမိန်းခလေးနှစ်ယောက်လည်း လိုက်ဝင်လာကြသည် ။ ရွှေရည် သူငယ်ချင်းအသစ်များလား ဘာလားတော့မသိ ပျားရည်ကိုသေသေချာချာကြည့်ပြီးပြုံးပြနေတော့သည် ။
" ပျားရည် နင်ရေချိုးနေတာလား "
" မဟုတ်ဖူး ပြီးသွားပြီ "
" နင်အရင် အကျီသွားဝတ်လိုက်လေ
ပြီးရင်ပြောပြမှာပေါ့ "ခေါင်းသာညိတ်ပြလိုက်ပြီး အဝတ်အစားသွားဝတ်လိုက်တော့သည် ။ မိနစ်အနည်းငယ် ကြာပြီးပြန်ထွက်လာတော့ ခုနကအတိုင်းပင် ထိုင်ပြီး ဖုန်းကြည့်နေကြတာ ပျားရည်လည်း ရွှေရည်အနားကပ်ထိုင်လိုက်တော့ ဖုန်းဆက်မကြည့်တော့ပဲ ပျားရည်ဆီအကြည့်တွေထပ်ရောက်လာပြန်သည် ။
" ငါ့ကိုပြောပြဦးလေ "
" အေးပါပြောပြပါ့မယ်
သူလေးက လင်းမြတ်ရဲ့ကောင်မလေး မေနှင်းဆီ "ခန္ဓာကိုယ်တစ်ခုလုံး အမဲရောင်တွေဝတ်ထားတဲ့အပြင် မျက်နှာကိုခြယ်သထားတဲ့ပုံက ဆွဲဆောင်မှုအတော်ရှိသည် ။ ရုတ်တရပ်ကြည့်ရင် စူးရှနိုင်နဲ့တောင်တူသလို့လို ရွှေအိုရောင်ဆံနွယ်အရှည်ကိုလည်း အမြင့်စည်းထားပုံကလည်း အက်ရှင်မင်းသမီးနဲ့တူနေပြန်သည် ။ပျားရည် ပြုံးပြတော့ ထိုမိန်းခလေးက လက်အရှေ့ထုတ်ပြီး ပြန်နှုတ်ဆက်လာသည် ။
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်