Unicode...
ခရီးသွား ခရီးလာတွေ ပြည့်နှက်နေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု ။ အရွယ်စုံ လူစုံတွေများပြားစွာထဲ ကောင်းခန့်နဲ့ လင်းမြတ်ဟာလဲ ဒီနေ့UKကနေပြန်လာမဲ့ မိုင့်ကိုကြိုရန်ရောက်နေခဲ့ခြင်း အမှန်တိုင်းပြောရရင်တော့ ပေါ်မလာဇာတ်ကားရိုက်နေသူကြီးကိုအမိအရဖမ်းစီးဖို့ လာခဲ့ခြင်းဖြစ်သည်။ နှစ်ယောက်သား မိုင့်ကိုလည်တဆန့်ဆန့်စောင့်တာ အတော်ကြာနေပြီဖြစ်နေပေမဲ့ မိုင့်ဟာအခုချိန်ထိ အရိပ်ယောင်တောင် ပေါ်မလာခဲ့သေး ။
" လင်းမြတ် ! မိုင့်ကိုစောင့်နေရတာလဲကြာလှပြီ ဒီနေ့ပြန်လာမှာရော ဟုတ်ရဲ့လား မင်းရက်မှားပြီး လာကြိုတာလား ! "
" ဒီနေ့ပြန်လာမှာလို့ သူ့အတွင်းရေးမှူးခန့်ပိုင် ကိုယ်တိုင်ပြောလိုက်တာ အဲ့ကောင်မှားပြောတယ်ထားဦး ညနေကျရင်မိုင့်အဘွားမွေးနေ့မလို့ မိုင့်ဒီသေချာပေါက်ရောက်လာမှာ ငါအာမခံတယ် ! "
" မင်းသေချာရင်ပြီးတာပဲ ! "
ခရီးပြန်လာတဲ့သူတွေကို မျက်စိထောင့်ထောက်ကြည့်ရင်းကနေ သူ့တို့မြင်ကွင်းထဲ မိုင်မင်းခေါင်းဟာ ထင်ထင်ရှားရှားနဲ့ကိုပေါ်လာတော့သည် ။ ဘယ်လောက် ထင်ရှားလဲဆို အရပ်ကမျှော်စင်လိုက်ရှိတဲ့အပြင် အပေါ်အောက်ကိုအနက်တွေကြီးပင်ဝတ်ထားသေးသည် ။ဘယ်နေရာကြည့်ကြည့် ကုမ္ပဏီပိုင်ရှင်နဲ့ကိုမတူတာပါ လက်ဆွဲအိတ်တောင်မပါ ကျောပိုးအိတ်ကိုသာလွယ်ထားရင်းလမ်းလျောက်လာပုံ မာဖီယားပုံစံနဲ့တူနေသည်။ ဆံပင်ကလဲအရှည် ဝတ်လိုက်ရင်လဲအနက်တောကနေကိုမထွက် လမ်းလျှောက်ရင်လဲ တလောကလုံးဘယ်သူကိုမှအရေးမစိုက်တဲ့ပုံစံမျိုးနဲ့ ရုပ်လေးကတော့မင်းသားရှုံးအောင်ချောနေတော့ အရာရာတင့်တယ်နေတယ်မဟုတ်လား ဒီကောင်ကလဲဘာမှကိုအရေးတယူလိုက်လုပ်နေခြင်းမရှိ သူ့ပုံစံနဲ့သူဟုတ်နေတော့တာပါပဲ။
မိုင့်ကိုသူတို့နှစ်ယောက်ကိုမြင်အောင် လက်တွေဝှေ့ယမ်းပြလိုက်တော့ ချက်ချင်းမမြင်သေးသော်လဲ အသံကျယ်ကြီးနဲ့သူ့နာမည်ကိုအော်ခေါ်မှ မြင်သွားတဲ့ မိုင့်ဟာအံ့ဩတကြီးဖြစ်သွားပုံရတယ်ပြီးမှ လက်ပြန်ယမ်းပြကာ သူတို့အနား တဖြည်းဖြည်းချင်းသာ ရောက်လာတော့သည် ။ သူတို့အနားရောက်တော့ ဟူဒီခေါင်းစွပ်ကို ချွတ်လိုက်ပေမဲ့ Maskအမဲကိုတော့မဖြုတ်သေးပဲ လင်းမြတ်နဲ့ကောင်းခန့်ကိုကြည့်ကာ အံ့ဩတကြီးမေးလေသည်။
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်