နှလုံးသားရပ်ဝန်း အပိုင်း ၁၂(Zg&Uni)

23.3K 651 68
                                    

Unicode ...

" ဖြည်းဖြည်း သောက်ပါ မိုင်ရာ ! "

စစချင်း‌ေရာက်ကတည်းကအသားကုန် လွတ်သောက်နေတဲ့ မိုင်ကို အကုန်လုံးကဝိုင်းတားနေပေမဲ့ မိုင်ကတော့ အပြင်းစားဝီစကီတွေကို သောက်နေတာ တခွက်ပြီးတခွက် ဒီခြားထဲရေခဲတောင်မထည့် ဒီတိုင်းပလိန်းကြီးမော့နေပါတော့သည် ။ နိုင်ငံခြားကနေပြန်ရောက်တာတောင် 1ရက်မပြည့်သေး အချုပ်ထဲကိုခနတာ အလှည်အပတ်ကသွားလိုက်သေးသည့် တော်သေးတာပေါ့ သူ့က အကောင်ကြီး အသိုင်းဝိုင်းထဲကကောင်မလို့ ချက်ချင်းပြန်ထွက်လာရတာ မဟုတ်လို့ကတော့ ထောင်နန်းစံရတော့မဲ့ကိန်း တကယ်မလွယ်ကြောပါ ။ဒါတောင် ပြသနာထပ်သွားရှာမယ်လုပ်လို့ သုံးယောက်ပေါင်းပြီး လင်းမြတ်ပိုင်တဲ့ Clubကိုအတင်းဆွဲခေါ်လာရသည့် ပထမက public Araမှာထားပေမဲ့ တခြားသူတွေနဲ့တောင်ရန်ထပ်ဖြစ်မလို့ ဖြင့်သွားတာကြောင့် VIP Roomထဲကိုဆွဲသွင်းလာရတဲ့အဖြစ်ကိုရောက်သွားရပါတော့သည် ။

" ဟရောင် ! တော်ပြီလို့ အသက်တွေလည်းထွက်ကုန်ဦးမယ် "

" အေးလေကွာ ! မင်းလည်းမူးနေပြီပဲ တော်ပါတော့ကွာ ! "

" မ မူး ဘူး ငါ့ လုံး ဝ မ မူး သေး ဖူး ! "

" ကျစ် ! မမူးဘူးသာပြောနေတာ စကားတစ်လုံးတစ်လုံး သံကြိုးရိုက်နေပြီ ! "

သူရိန်တို့မှာ သူ့ကိုမသောက်ဖို့အတင်းထားနေတာတောင် ဒင်းကမမူးသေးဖူးပဲပြောသေးနိုင်နေသည် ။ လူကြည့်တော့ ခေါင်းကစိုက်ပြီး အာလေးလျှာလေးတောင်ဖြစ်နေပြီ ဒီခြားထဲအစကတည်းက စိတ်မရှည်တတ်တဲ့ လင်းမြတ်က မိုင်ကိုပြောနေရင်း ထထိုးတော့မဲ့ပုံပင် ကောင်းခန့်မှာမနည်းတားနေရပြီး
သူရိန်မှာလည်း မိုင်ကိုမသောက်ဖို့တားနေရသည့် ဘယ်ဘဝကဝဋ်ကျွေးတွေလည်းမသိ ကောင်းကျိုးတစက်မှကိုမပေးတာပါ ။

" ဟရောင် ! သူရိန် "

" အေး ဘာလဲပြော ! "

" မင်းအမနဲ့ ဟိုသူတောင်းစားနဲ့ကတကယ်တွဲနေကြတာလား ! "

" မူးသာမူးတယ်နော် ဒါတော့မေးနိုင်သေးတယ် ! "

ခေါင်းစိုက်နေရာကနေ သူ့ရဲ့ဘေးက သူရိန်ကို မေးလိုက်ခြင်းဖြစ်သည် ။ ဟိုကောင်ပြောလိုက်တဲ့စကားကို အခုချိန်ထိ အခဲကျေသေးပုံမရ မူးနေရင်းတောင် ထမေးနိုင်သေးသည် ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now