ဖြေရှင်းလို့မရတော့ပါ😖

26.8K 690 11
                                    

Unicode...

ဒီနေ့ဆိုကျောင်းတတ်တာ ၁ပတ်‌တောင် ပြည့်ခဲ့ပါပြီ။ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ ပျားရည်အတွက် သူငယ်ချင်းအများကြီးမရသေးပေမဲ့ တစ်ခုံထဲအတူထိုင်သည့် နှင်းရွှေရည်နဲ့တော့တော်တော်ခင်နေပြီဖြစ်သည်။ ရွှေရည်နဲ့အခုမှ ခင်တာဆိုပေမဲ့ ပျားရည်ရဲ့ ဆိုးသမျှကိုသည်းခံပြီးပေါင်းပေးတဲ့ ချစ်စရာ‌ကောင်းတဲ့ သူငယ်ချင်းလေးပါ။

" လူတွေကလဲ များလိုက်တာဟယ်။တိုးလို့တောင်ရပါ့မလား "

" ပျားရည် ဒီမှာပဲထိုင်နေသိလား ။ ငါသွားဝယ်လိုက်မယ် "

" အဲ့လိုမလုပ်ပါနဲ့ ရွှေရည်ရဲ့ ပျားရည်လဲလိုက်မှာပေါ့ ! "

" ဒီတခါတော့ ရွှေရည်စကားနားထောင်လိုက်ပါ ဒီမှာပဲ
ငြိမ်ငြိမ်လေး ထိုင်နေ မြန်မြန်လာခဲ့မယ်...။ "

ထိုင်ရမလို့ ထရမလို့ဖြစ်နေတဲ့ပျားရည်ကို အတင်းထိုင်ခိုင်းထားပြီး ရွှေရည်ကတော့ မုန့်ဈေးတန်းထဲပြေးဝင်သွားလေသည်။ ခုနလောက်ကြာသည့်နှင့်အပြေးအလွှားလေးပြန်ရောက်လာသည်။ စားစရာတွေ ခုံပေါ်တင်ပြီး တစ်ယောက်ထဲကျန်ခဲ့သည့် ပျားရည်ကို စကားဆိုလာလေတော့သည်....

" ပျားရည် စောင့်ရတာကြာနေပြီလား "

" မကြာပါ့ဖူးဟ နောက်နေ့ငါ့ပါသွားဝယ်ရင်လိုက်ခဲ့မယ်နော် "

သူ့လက်လေးကိုင်ပြီး ပျားရည်ကသွားများပေါ်အောင်ပြုံးပြတော့ ရွှေရည်က စေ့စေ့ကြည့်ကာ။

" မရပါ့ဖူးနော် မလိုက်ရပါ့ဖူး ဒီကျောင်းကကောင်တွေကနင့်ကိုဖွန်ကြောင်ချင်နေတာ မုန့်ဈေးတန်းကလူကလည်းများသေးတိုးကြိတ်နေရတာ နင့်ပါလိုက်ခဲ့ရင် အဲ့ကောင်တွေက လွယ်တဲ့ကောင်တွေမဟုတ်ဖူး ဒီမှာပဲနေခဲ့ "

" အင်းပါ ငါ့ကနင့်ကိုအားနာလို့ "

" မလိုပါ့ဖူးနော် ! အခုတောင် အနောက်ကနေကြည့်နေကြတာ
နှာဘူးရုပ်တွေနဲ့ ဟွန့် "

" ကြည့်တာပဲအသားပဲ့ပါသွားတာမှမဟုတ်ထားလိုက်ပါ သူ့တို့မျက်စိအ‌ညောင်းခံနိုင်လို့ကြည့်တာကြည့်ပါစေ။ ငါတို့ထမင်းစားကြရအောင်နော် "

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now