နှလုံးသားရပ်ဝန်း အပိုင်း (၁၄) Zg&Uni

21.9K 644 75
                                    

Unicode ....

9:00 PM...

ပြန်လာကတည်း ခြေမချရသေးတဲ့ ကွန်တိုဆီလာပြီး လင်းမြတ်တို့ဆီမသွားခင် ရေလာချိုးလိုက်သည် ။ ရေချိုးခန်းကထဲ ထွက်လာပြီး နာရီကြည့်လိုက်တော့ 9နာရီ စွန်းစွန်းတောင်ဖြစ်နေပြီ ဒီပုံစံနဲ့သာဆို ဟိုကောင်ဆီမှာပဲ အိပ်ဖြစ်တော့မယ်ထင်ပါသည် ။

ဗီရိုထဲက ဟူဒီ အဖြူနဲ့ ဘောင်းဘီအမဲ အတိုကို ထုတ်ယူကာဝတ်လိုက်သည် ။ အထူးတလှည်လည်း ဘာမှပြင်မနေတော့ နဂိုက Wavy hair ပုံစံဆံပင်တွေက ခေါင်းလျော်ထားတဲ့အရှိန်ကြောင့် နဖူးပေါ်မှာ လိမ်လိမ်လေးတွေဖြစ်လည်း လက်ဖဝါးနဲ့ ခပ်ပွပွ ဖွလိုက်ယုံကလွဲ ဘာမှမလုပ်လိုက်တော့ပါ ။ အယုတ်စွအဆုံး မှန်တောင်မကြည့်တော့ဖြစ်ပါ ။

မှန်တင်ခုံပေါ်မှာ တင်ထားတဲ့ ကားသော့နဲ့ ပိုက်ဆံကို ကောက်ယူလိုက်သည် ။ ပြီးနောက် ဖုန်းကို ယူဖို့လုပ်သည့် အချိန်ကိုက် သူရိန်ဆီက ဖုန်းဝင်လာသည် ။ အခုချိန်ထိ မိုင်မရောက်သေးလို့ နားပူတော့မည့် ထင်ပါသည် ။ နားမပူအောင်တော့ ဖောလျှောလုပ်ရဦးမည် မဟုတ်ရင် အဲ့ကောင် မိန်းမကြီးအတိုင်း တအားပွစိပွစိပြောနိုင်လွန်းသည် ။

" Hello ... ငါလာနေပြီ ကားပေါ်မှာ "

" အေးလာရင်လည်း မြန်မြန်လာတော့ မင်းဟာမလေး
ငါမနိုင်တော့ဖူး ထိန်းနေရတာ သေချင်ဆော်တွေ နံ့တွေပြီ ! "

" မင်း ဘာတွေပြောနေတာ ! "

" ဒုန်းဝေးလိုက်တာကွာ မမ ဒီClubမှာရောက်နေတယ် မူးနေပြီ ငါ့ကောင်မလေးရောပဲ ငါ့မှာ နှစ်ယောက်လုံးကိုထိန်းနေရတာ မနိုင်တော့ဖူး လင်းမြတ်ကလည်း အရောင်းဝယ်ကိစ္စကြောင့် မရှိဖူး ကောင်းခန့်ကလည်း လင်းမြတ်နဲ့ လိုက်သွားတယ်ငါ့တစ်ယောက်ထဲ တိုင်ပတ်နေပြီ မင်းမြန်မြန်လာတော့ ! "

" အေးအေး လာပြီ ! "

သေချာပြောပြမှသာ နားလည်သွားတော့တယ် ပထမကတော့ အဲ့ကောင် ဘာတွေပြောနေမှန်းမသိဖူးဆိုပြီး တွေးနေသေးလိုက်တာ။
ပျားရည်ကဘာလို့ အဲ့လောက်မူးအောင်သောက်မှန်းမသိ အခန်းထဲအပြေးထွက်ကာ ကားပါကင်ရောက်တာနဲ့ ကားထဲဝင်ပြီးတရကြမ်းသာ Clubဆီမောင်းထွက်လာလိုက်တော့သည်။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now