နှလုံးသားရပ်ဝန်း အပိုင်း ၂ ( Zg&Uni)

27.8K 724 23
                                    

Unicode...

ထမင်းစားနေတာကိုအတင်း ကျောင်းဆောင်အနောက်ကိုဆွဲခေါ်လာကာအခုကြတော့ဘာစကားမှမပြော။ ခါးထောက်ကာ အံ့ကြိတ်‌နေပုံက စားမလို့ဝါးမလို့ အကြည့်နဲ့စိုက်ကြည့်နေသည်။ တကယ့်နားလည်ရခက်တဲ့လူ ဘာဖြစ်ချင်နေမှန်းမသိ အရာရာသူ့စိတ်ကြီးပဲ။

" နင်နဲ့ အဲ့အခြောက်လိုလို ဘာလိုလိုကောင်က ဘာတွေ့လဲ "

ဩရှရှအသံကြီးက ထွက်ပေါ်လာတော့ တော်ပါသေးတယ် မတ်တပ်ရပ်ပြီး သေများသွားတာလားလို့ ။ စလာတာနဲ့ပြောချင်တဲ့စကားကို ဒဲ့မပြော သူများကိုသွားပြီးစော်ကားမော်ကားပြောလိုက်သေးသည်။ ပျားရည်ထပ် ခေါင်းတစ်လုံးစာပိုမြင့်တဲ့ သူ့ကို မျက်စိလှန်ကြည့်လိုက်ပြီး...

" သူများကိုပေါက်ကရတွေလိုက်မပြောနဲ့
ငါ့တို့ဘာမှမဟုတ်ဖူး သူ့ဘာသာသူ
ထမင်းအတူလာစားတာ  "

" လိမ်တယ်နော် လိမ်တယ်နော် ! "

တဖြည်းဖြည်းနဲ့အမြင်ကပ်လာပြီ အမှန်တိုင်းပြောတော့လည်းလိမ်တယ်တဲ့ မျက်နှာကိုကြည့်နေရင်းနဲ့ကိုဆွဲပြီးကိုက်လိုက်ချင်သည်။ အမှန်တိုင်းပြောတာကို လိမ်တယ်ထင်နေတော့ ရွဲ့ပြီးကိုပြောဦးမယ်လို့ စဉ်းစားလိုက်သည်။ ပြသနာဖြစ်ချင်လည်းဖြစ်ပါ့စေတော့ ဒင်းကစကားအကောင်းပြောလို့မရတဲ့ လူစားမျိုးမဟုတ်လား အဲ့လိုTypeကပျားရည်Typeမဟုတ်ပါ့ပဲနဲ့ သူ့ကိုပဲဘာလို့ ကြိုက်နေတာလည်းဆိုတာ ကိုယ့်ကိုလည်းအံ့ဩလို့မဆုံးပါ။

" နင်လိုများမှတ်နေလား။တွေ့ကရာလူကိုတွဲမယ်ထင်နေတာလား လူတွေကလေ ကိုယ့်စိတ်နဲ့နှိုင်းရင်အကုန်ရိုင်းတယ်တဲ့ "

" စကားတွေအရမ်းတတ်နေတယ်ပေါ့
အရမ်းတွေလျှာသွက်နေတယ်ပေါ့  "

"........ "

" ထမင်းစားနေတာကို အတင်းပူကပ်ပြီး မျက်စိကျွတ်ကျမတတ်ကြည့်နေတာ သူငယ်ချင်းပေါ့ရိုးရိုးသားသားလေးပေါ့။ မိုင်မင်းခေါင်ဆိုတဲ့ကောင်က စောက်တုံးဆိုတော့ ယုံပေးလိုက်မယ်သိလား "

" နင့်ဘာသာနင်စောက်တုံးမကလို့
စောက်ပေါကြီးဖြစ်ဖြစ် စိတ်မဝင်စားဖူး
အာရုံလာမစားနဲ့ "

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now