Unicode...
" နောက်ဆုံးအနေနဲ့ အနိုင်ရသည့်
အသင်းကို ဆုချီးမြှင့်ပေးရန် MMK GroupမှCEO
မိုင်မင်းခေါင် ကိုလေးစားစွာဖိတ်ကြားအပ်ပါတယ် ခမျာ "ဆုယူရန်စောင့်ဆိုင်းနေချိန် အစီစဉ်တင်ဆက်သူရဲ့ စကားသံကြောင့် ကောင်းစည်သူ အံ့တင်းတင်းကြိတ်မိသွားသည်။ ဒီနေ့ပွဲမှာလဲ ထုံးစံအတိုင်း သူတိူ့အသင်း အနိုင်ရသွားပြန်တယ် ဒီလိုပဲ အနိုင်ရတိုင်း စပွန်ဆာအများဆုံးပေးထားတဲ့ ကုမ္ပဏီပိုင်ရှင် ဆုချီးမြှင့်ပေးလေ့ရှိသည် ။ ပုံမှန်နေ့တွေဆို သူပျော်ချင်ပျော်နိုင်ပါတယ် ဒါပေမဲ့ ဒီနေ့ အပျော်ဆိုတာ ဘာမှန်းမသိ ဒင်းမျက်နှာကို မြင်ရကတည်းကစိတ်ကဘယ်လိုေနေနအဆင်မပြေခဲ့တာ မနည်းပွဲကိုနိုင်အောင်ကြိုးစားခဲ့ရသည် ။အခုလည်း သူ့ကဆုချီးမြှင့်ပေးဦးမည်တဲ့ စိတ်ပေါက်ပေါက်နဲ့သာတစ်ခုခုလုပ်မိရင်ကောင်းကျိုးဆိုတာမရှိလာနိုင်တာကြောင့် ဒေါသတွေအတတ်နိူင်ဆုံး ထိန်းချုပ်ထားလိုက်ပါတော့သည် ။
" မင်းအဆင်ပြေရဲ့လား ကောင်း ! "
" ရတယ် ! "
ဘေးကညီအကိုလိုဖြစ်နေတဲ့သူက ကောင်းစည်သူ ဘာဖြစ်နေမှန်းသိတော့ မေးရှာသည်။ ပါးစပ်ကသာ ရတယ်ပြောလိုက်တာ စိတ်ထဲဘယ်လိုမှအဆင်ပြေမနေတော့ပါ ။ သူ့အကြံတွေလဲတစ်ခုကိုမအောင်မြင်ပဲ သဲထဲရေသွန်သလို့ဖြစ်ရတာ ဒီအကုသိုလ်ကောင်ကြောင့်ဆိုတာ သူ့ကောင်းကောင်းသိပါသည် ။
မိုင်မင်းခေါင်ဟာ ဝံ့ကြွားတဲ့ခြေလှမ်းများနဲ့ ရောက်လာစဉ် ကင်မရာမီး တဖျက်ဖျက်ဟာလဲ သူဆီကိုအကုန်ကျရောက်ကုန်တော့သည် ။ ဆုပေးသည့်နေရာကို ရောက်လာပြီး ခါးဆန့်ကာမထိတထိမျက်နှာထားနဲ့ ခြေလှမ်းများကိုရပ်တန့်လိုက်သည် ။ မိုင်မင်းခေါင် ရောက်လာသည့်နှင့် ဆုတံဆိပ်များကို သူလက်ထဲထည့်ပေးကြကာ ချီးမြှင့်ရန် တောင်းဆိုကြတော့သည်။
အကုန်လုံးကို ရွှေတံဆိပ်တွေ ဆုချပေးပြီး နောက်ဆုံးမှာရပ်နေတဲ့ သူ့အနားကို ရောက်လာတော့သည် ။ သူ့ကိုကြည့်ရင်း ခပ်မဲ့မဲ့ အပြုံးတစ်ချက်ပြုံးကာ ရွှေတံဆိပ် ပေးရင်း အနားကပ်ကာ ပြောလိုက်သည့်စကားက...
YOU ARE READING
နှလုံးသားရပ်ဝန်း ( Zg & Uni) (Completed )
Romance" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်