အပိုင်း(၁၂) - ဇီယန်၏ အကြပ်အတည်း
သန့်ရှင်းသပ်ရပ်နေသော စံအိမ်ကြီးကိုကြည့်လိုက်ပြီး ကျန်းဟန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
စံအိမ်ကြီးသည် တောင်နှင့်မြောက် အလျားလိုက်ဖြစ်သည်။ ကျယ်ဝန်းသည့် ဧည့်ခန်းကြီးတစ်ခန်း၊ အဖွင့်မီးဖိုချောင်တစ်ခုနှင့် အိပ်ခန်းသုံးခန်း ပါရှိသည်။
ဧည့်ခန်း ရေချိူးခန်းနှင့် အိပ်ခန်းတို့မှာ အလွန်ခမ်းနားထည်ဝါသည်။ ဂျာမနီထုတ် စကျင်ကျောက်ပြားကြမ်းခင်း၊ အလွန်လက်ရာမြောက်သော ကြွေပြားခေါင်မိုး၊ ခေတ်မီ မီးဖိုချောင်တို့မှာ ၇ နှစ်ကြာပြီးတာတောင်မှာ သူလိုချင်သည့်အတိုင်းရှိနေဆဲဖြစ်သည်။
အိမ်ပတ်ပတ်လည်ကို လိုက်ကြည့်ပြီးနောက် ကျန်းဟန်မောပန်းနွမ်းနယ်လာသည်။ ယခုဆိုလျှင် သူသည် သာမန်သေမျိုးလူသားတစ်ဦးသာဖြစ်သည်။ သွေးအလွန်အကျွံဆုံးရှုံးမှု၏ အကျိုးဆက်က သူ့အား ကြီးမားစွာသက်ရောက်နေဆဲဖြစ်သည်။ ယန်မိုးကြိုးသစ်ပင်ကို စိုက်ပျိုးပြီး ၎င်းရဲ့စွမ်းအင်ကို စုပ်ယူကာ ချီသန့်စင်ခြင်းအဆင့်သို့ တက်ရောက်မှသာ သူ၏ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
ကျန်းဟန် ဆိုဖာပေါ်လဲလျောင်းရင်း တီဗွီကိုဖွင့်လိုက်သည်။ တီဗွီကြည့်နေရင်း နှစ်မိနှစ်ခန့်ကြာသည့်အခါ ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။
......
အင်ပါယာဖျော်ဖြေရေးကုမ္ပဏီ ၊ Artist Director မိန်ချီ ၏ရုံးခန်းတွင်
"အစ်မမိန်"
ဇီယန် တံခါးကို ဖြေးညှင်းစွာခေါက်လိုက်ပြီး ရုံးခန်းထဲလျှောက်သွားသည်။ သခင်လေးလီ, လီချန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် မိန်ချီ ဆီသို့ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်မသေချာစဉ်းစားပြီးသွားပြီ။ ကျွန်မ အရင်ဆုံး အယ်လ်ဘမ် တစ်ခုထုတ်ချင်တယ်"
"အိုး" မိန်ချီသည် သူမ၏ရုံးခန်းထိုင်ခုံကို အနောက်သို့မှီလိုက်သည်။ သူမ၏အမူအရာမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကကဲ့သို့ စိတ်အားထက်သန်မှုမရှိချေ။ သာမန်လေသံဖြင့်ပင် သူမပြောလိုက်သည်။
![](https://img.wattpad.com/cover/305001045-288-k156353.jpg)
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)
RomanceGodly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း or ၃ ပိုင်း Facebook Page 👇👇 https://www.facebook.com/daddyzhanghan Review 👇👇 https://m.facebook.com/story.php?story_fbid=1145765672877...