အပိုင်း(၅၈)

456 36 1
                                    

အပိုင်း(၅၈) သုံးစားမရသည့် အမှိုက်

"ဘာလဲ? ရှင့်မှာ အမာခံဖောက်သည်တွေတောင်ရှိနေပြီလား?" ဇီယန် စိတ်ဝင်တစားမေးလိုက်သည်။

"ဒါပေါ့ ငါ့ဆီမှာ သူတို့ တစ်ရက်ကို သုံးနပ် ပုံမှန်လာစားကြတယ်"

"ကြည့်ရတာ ရှင့်မှာ ကျွမ်းကျင်မှုတချို့ရှိတဲ့ပုံပဲ"

ကားနောက်ထိုင်ခုံတွင် ထိုင်ရင်း ကျန်းဟန်သည် ဇီယန်နှင့် ခဏကြာ စကားပြောနေခဲ့သည်။

နောက်ဆုံးတွင် မုန့်မုန့်သည် စောင့်ဆိုင်းနေရင်း တဖြည်းဖြည်း ပို၍ စိတ်မရှည်ဖြစ်လာသည်။ ဖေဖေနှင့်မေမေသည် စကားပြောသည့်အချိန်တိုင်း အချိန်အများကြီးယူရသည့်အကြောင်းအရင်းကို သူမနားမလည်နိုင်ပေ။

မုန့်မုန့်၏ တိုက်တွန်းမှုကြောင့် ကျန်းဟန်သည် ဖုန်းကို မုန့်မုန့်ထံလွှဲပေးလိုက်ပြီး လခြမ်းပင်လယ်ကွေ့သို့ မောင်းသွားလိုက်သည်။

နာရီဝက်အကြာတွင် စားသောက်ဆိုင်သို့ပြန်ရောက်သည့်အခါ မုန့်မုန့်သည် မချချင် ချချင်ဖြင့် ဖုန်းချလိုက်သည်။

ဒုတိယထပ်ရှိ အိပ်ခန်းထဲတွင် မင်းသမီးလေးကို ချော့သိပ်ပြီးနောက် ကျန်းဟန်သည် ဧည့်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

သူဝယ်လာသည့် ကြေးဒင်္ဂါးပြားလေးကို ထုတ်ကာ အပေါ်မှစာကို ဂရုတစိုက်ဖတ်ကြည့်လိုက်သည်။

"မင်းရဲ့ မျက်နှာအစစ်အမှန်ကို တွေ့ရမယ့်အချိန်ရောက်ပြီ!"

ကျန်းဟန် အနည်းငယ်ပြုံးလိုက်မိသည်။

ကြေးဒင်္ဂါးသည် သံ‌ချေးများတက်နေသော်လည်း ၎င်းသည် ပထမအဆင့်စိတ်ဝိဉာဉ်ရတနာဖြစ်သည်။ သံချေး၏အောက်တွင် အရောင်မတင်ရသေးသော ကျောက်စိမ်းကဲ့သို့ ရတနာတစ်ခုရှိနိုင်သည်။

ကျန်းဟန်၏မျက်လုံးများတွင် အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ချောင်းများတွင် စိတ်ဝိဉာဉ်စွမ်းအင်များ ဖြန့်ကျက်၍ လတ်ဆတ်သော သွေးစက်တစ်စက်ကို ထုတ်ကာ ကြေးဒင်္ဂါးပြားပေါ်သို့ စိမ့်ကျသွားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora