အပိုင်း(၄၇)

459 43 0
                                    

အပိုင်း (၄၇) ဒါကငါလိုချင်တဲ့သီချင်းပဲ!

ကျန်းဟန်သည် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် အဝတ်တစ်ထည်ကိုယူကာ အဖြူရောက်ထမင်းစားစားပွဲဆီသို့ လျှောက်သွားသည်။

စားပွဲပေါ်ရှိပေါ် ယွမ် ၁၀၀ တန် ငွေစက္ကူများကို ကောက်ယူလိုက်ပြီး စစ်ကြည့်မနေဘဲ ကွန်ပြူတာစားပွဲ၏အံဆွဲထဲသို့ ထည့်လိုက်သည်။

ထို ၃ ယောက်သည် အားလုံးပေါင်း ကြက်ဥထမင်းကြော် ၅ ပန်းကန်နှင့် နို့ ၆ ခွက် စားသောက်သွားကြသည်။ ယူချင်းချင်းသည် အစားအသောက်များကို အရသာတွေ့သွားပြီး ယွမ် ၂၁၀၀ ကို မဆိုင်းမတွပင် ထားခဲ့သည်။ ပုံမှန်အတိုင်းဆိုင်လျှင် ကြက်ဥထမင်းကြော် ၅ ပန်းကန်ကို ယွမ် ၁၄၀၀ နှင့် နို့ ၆ ခွက်ကို ယွမ် ၄၈၀ ဖြစ်သည်။ စုစုပေါင်း ယွမ် ၁၈၈၀ နှင့်ပင် လုံလောက်နေပြီဖြစ်သည်။

သို့သော် ယူချင်းချင်းသည် ထို့သို့မတွက်ဘဲ ထမင်းကြော်တစ်ပန်းကန်ကို ယွမ် ၃၀၀ နှင့် နွားနို့တစ်ခွက်ကို ယွမ် ၁၀၀ ဖြင့် ယွမ် ၁၅၀၀ + ယွမ် ၆၀၀ ၊ စုစုပေါင်း ယွမ် ၂၁၀၀ အဖြစ်တွက်ကာ ပေးခဲ့သည်။

သို့သော် ကျန်းဟန်သည် ငွေရေတွက်ရန် ပျင်းရိနေလေသည်။ သူ့အတွက် ‌ငွေဆိုသည်မှာ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်သည်။ လက်ရှိတွင် သူ့၌ ပိုက်ဆံအများအပြားမရှိသော်လည်း အနာဂတ်တွင် သုံးစရာပိုက်ဆံမရှိမည်ကို မည်သည့်အခါကမျှ စိုးရိမ်ခဲ့ခြင်းမရှိချေ။

စားပွဲပေါ်ရှိ တစ်ခါသုံးပစ္စည်းများကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး စားပွဲသုတ်ပြီးသည့်အချိန်တွင် သူ၏ဖုန်းမြည်လာသည်။

အချိန်ကိုကြည့်လိုက်သည့်အခါ မနက် ၈ နာရီသာရှိသေးသည်။ ဤအချိန်တွင် ဇီယန် မုန့်မုန့်နှင့် စကားပြောရန် ဖုန်းခေါ်မည့်အချိန်ဖြစ်သည်။

"ကျန်းဟန်"

ဇီယန်၏အသံသည် ခါတိုင်းကဲ့သို့ပင် သွက်လက်နေသော်လည်း ကျန်းဟန်သည် သူမ၏အသံမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေကြောင်း သိနိုင်သေးသည်။

"အင်း"

"ကျွန်မရှင့်ကို ဖုန်းဆက်လိုက်တိုင်း အင်း အင်း အင်း နဲ့ တအင်းတည်း အင်း နေတာပဲ။ ရှင်ကျွန်မကို စကားမပြောချင်ဘူးလား"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Tahanan ng mga kuwento. Tumuklas ngayon