အပိုင်း(၁၃၁)

398 31 0
                                    

အပိုင်း(၁၃၁)သိုသိုသိပ်သိပ်နေထိုင်သော အကောင်ကြီးကြီး

"ဒီမှာလာပြီး အော်ဟစ်ဆူညံမနေနဲ့။ စားချင်ရင် နေ့ခင်းအထိစောင့်ပြီး တန်းစီ"

ကျန်းဟန်က စကားပြောပြီးသည်နှင့် ဒုတိယထပ်သို့ ပြန်တက်သွားသည်။ သူသည် မင်းသမီးလေးကို ရေချိုးပေးပြီး ဆံပင်ပုံစံလှလှလေး ကျစ်ဆံမြီးကျစ်ပေးတော့မည့်အချိန်တွင် ဤလူများ အောက်ထပ်တွင် အော်ဟစ်ဆူညံနေသံကို ကြားလိုက်ရ၏။

ထို့ကြောင့် ကျန်းဟန်က သူတို့အား ကိုယ်တိုင်ကိုယ်ကျ သတိပေးရန် ဆင်းလာခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ ကျောက်ဖုန်းအား အနည်းငယ် သတိရမိသည်။ သာမန်အချိန်များတွင်ဆိုလျှင် ဒီကောင်က စားသောက်ဆိုင်တွင် နေရသည်ကို သဘောကျသည်။ ဤသို့သော အခြေအမျိုးတွင် သူသာ ရှိနေပါက ကျန်းဟန်အား အလုပ်မရှုပ်စေဘဲ သူ ကိုင်တွယ်ဖြေရှင်းပေလိမ့်မည်။

မမျှော်လင့်ဘဲ ရက်အနည်းငယ်အတွင်း ကျန်းဟန်သည် ကျောက်ဖုန်းက အလွန်အကူအညီဖြစ်စေသည်ဟု ခံစားမိခဲ့သည်။ ကျောက်ဖုန်း မလာသည့် အကြောင်းအရင်းကို ကျန်းဟန်သိလေ၏။ သို့သော် သူသည် ထိုအကြောင်းကို မေးမြန်းခြင်းမရှိ။ လက်ရှိတွင် သူဂရုစိုက်သည်မှာ မုန့်မုန့်အား ကောင်းကောင်းပြုစုစောင့်ရှောက်ပေးရန်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ရန်နှင့် သူ၏မင်းသမီးလေးအတွက် မည်သို့သော အရသာရှိသည့် အစားအသောက်များ ချက်ကျွေးရမလဲ ဆိုသည်ကိုပင်။

ကျန်းဟန်၏လျစ်လျူရှုသော အသွင်အပြင်က ဟောင်လျန်နှင့် အခြားသူများကို လုံးဝ ဒေါသထွက်သွားစေသည်။

"မင်း ငါ့ကို လျစ်လျူရှုတာလား"

ဟောင်လျန်သည် တွေးရင်းတွေးရင်း ဒေါသထွက်လာသည်။

"ဟောင်မိသားစုရဲ့ ကုမ္ပဏီတွေက ဈေးကွက်တန်ဖိုးမှာ ယွမ် ၁ ဘီလီယံနိးပါးရှိတယ်။ ငါ ဟောင်လျန်က တစ်နှစ်ကို မုန့်ဖိုးအဖြစ် ယွမ် သန်း ၂၀ ရှိတယ်။ ချီးပဲ...။ မင်းလို စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က ဘယ်လိုတောင် အထင်သေးရဲတာလဲ။ ဘာကြောင့်လဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora