အပိုင်း(၁၁၃)

438 32 0
                                    

အပိုင်း(၁၁၃) ကြက်သူခိုး ရှောင်ဟေး

"ဟမ်..."

မုန့်မုန့်မှာ နှုတ်ခမ်းများတွန့်သွားပြီး သနားစဖွယ်လေးဖြစ်သွားသည်။ သူမလေးသည် ကလေးဆန်စွာဖြင့်

"သွေးလန့်သွားတာက အရမ်းကြောက်ဖို့ကောင်းတာပဲ"

"အဲ့ဒါ ဘာမှမဖြစ်ပါဘူး။ မကြောက်နဲ့နော်။ သမီးကို ကာကွယ်ပေးဖို့ အစ်ကို ဒီမှာရှိတယ်"

ကျောက်ဖုန်းသည် မင်းသမီးလေး၏ ချစ်စဖွယ်မျက်အမူအရာလေးကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်၏။

အများအားဖြင့် ကလေးများ၏အမူအရာများနှင့် အပြုအမူများမှာ အလွန်ချစ်စရာကောင်းသည်။ အခြားသူများနှင့် မတူဘဲ ခပ်ဆိုးဆိုးကလေးများအချို့ လည်း ရှိပေသည်။ ထိုသို့သော ကလေးများမှာ အခြားသူများ၏ အထင်သေးခြင်းခံရတတ်၏။

သို့သော် မိဘတစ်ဦးတည်းနှင့် နေခဲ့ရသော မုန့်မုန့်မှာ ဇီယန်၏ ဆုံးမသင်ကြားမှုကြောင့် သက်တူရွယ်တူကလေးများထက် ပို၍ လိမ္မာရေးခြားရှိကာ ထက်မြက်ပေသည်။ သေချာပေါက်ပင် ဇီယန်က သာမန်အမျိုးသစ်မီးတစ်ယက်မဟုတ်ဘဲ သန်မာသည့်နောက်ခံရှိခြင်းကလည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လေ၏။

သို့သော်ငြားလည်း ကျန်းဟန်၏ ရဲရင့်မှုသင်ကြားရေးနှင့် အလိုလိုက်မှုက အတူနေသည်မှာ တစ်လပြည့်ခင်ကတည်းက မုန့်မုန့်အား တိတ်တဆိတ်ပြောင်းလဲလာစေသည်။ ထိုအပြောင်းအလဲက ပို၍ တက်ကြွရွှင်လန်းလာသည်ထက်ပို၍ ဘာမှတော့ မဖြစ်ခဲ့ပေ။ ထို့ပြင် သူမသည် နူးညံ့သိမ်မွေ့ကာ စိတ်ရင်းကောင်းကာ ချစ်စရာကောင်းသူလေးဖြစ်ချေ၏။

ကျောက်ဖုန်းကဲ့သို့ အေးတိအေးစက် လူကြမ်းကြီးပင်လျှင် သူမရှေ့တွင်ဆိုပါက အမြဲတမ်း သူ၏နူးညံ့သိမ်မွေ့သည့်ဘက်ခြမ်းကို ပြသခဲ့သည်။

ရွှယ်ချမ်မှာလည်း အလွန် စိတ်လှုပ်ရှားကာ အလွန်အံ့ဩတုန်လှုပ်သွားသည်။

"အစ်ကိုကျန်း မင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒီသီချင်းနှစ်ပုဒ်က ငါ့နှလုံးသားနဲ့ ကွက်တိပဲ။ ဒီနှစ်ပုဒ်ကို မင်းဘယ်လို နာမည်ပေးမလဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Tempat cerita menjadi hidup. Temukan sekarang