အပိုင်း(၉၂)

451 35 0
                                    

အပိုင်း(၉၂)

ဇီယန်၏မျက်လုံးများမှာ အနည်းငယ် ထိတ်လန့်သွားသည်။

အနာဂတ်ကျရင် ပိုပြီးလှလာမှာလား? ဘာကိုဆိုလိုတာလဲ? ပြောချင်တာက အနာဂတ်မှာ ဒီနေရာက ပိုပြီးလှပလာရုံမကဘဲ မုန့်မုန့်ရယ် ငါရယ်နဲ့ ဆက်ဆံရေးကို ပိုပြီးကောင်းမွန်လာမယ်လို့ ပြောချင်တာပေါ့။ သူက ငါ့ကို ပိုးပန်းဖို့ အဆင်သင့်ဖြစ်နေပြီလား?

တစ်ခါတစ်ရံ ဇီယန်၏ဦးနှောက်မှာ အတော်လေးကြီးမားသည်။ ကျန်းဟန်နှင့် ရ၍်ဆိုင်ရသည့်အခါ သူမ၏ နှလုံးသားထဲမှ တည်ငြိမ်မှုများကို မထိန်းနိုင်တော့ဘဲ သူ၏စကားကြောင့် သူမ၏အတွေးများ အမြဲတမ်း မှောင်မိုက်ညစ်ညမ်းသွားစေခဲ့သည်။

၎င်းကိုတွေးနေရင်းဖြင့် ဇီယန်၏အကြည့်သည် ပန်းပင်လယ်လေးပေါ်သို့ ရုတ်တရက် ရောက်ရှိသွားသည်။

"ဟမ်?"
ဇီယန် အနည်းငယ်အော်လိုက်မိပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

သူမနီးကပ်လာသည်နှင့်အမျှ လေထဲတွင် ပန်းပွင့်များ၏မွှေးရနံ့များက ပျံ့လွင့်လာပြီး ဇီယန်မှာ အနည်းငယ်သတိလက်လွတ်ဖြင့် အသက်ပြင်းပြင်းရှုရှိုက်လိုက်မိသည်။ ပို၍ နီးလာလေလေ သူမ၏မျက်လုံးများ ပို၍ ပြုးကျယ်လာလေလေဖြစ်ပြီး အနားသို့ရောက်သည့်အခါတွင် ထိတ်လန့်စွာဖြင့် သူမ၏ပါးစပ်မှာ အနည်းငယ် ပွင့်ဟသွားသည်။

ကံကောင်းစွာဖြင့်ပင် သူမသည် လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ပြီး သူမ၏အနီရောင် နှင်းဆီနှုတ်ခမ်းလေးကို လက်ဖြင့်အုပ်လိုက်သည်။ သူမ၏လှပသည့် သမင်မျက်လုံးလေးများက ကျန်းဟန်အားစိုက်ကြည့်နေပြီး သူမ၏မျက်ဝန်းများအတွင်း၍ အံ့ဩထိတ်လန့်နေမှုများကို တွေ့နိုင်ပေသည်။

"ဘုရားရေ...ကျန်းဟန် ဒါတွေ့အကုန်လုံးက ပန်းအစစ်တွေလား?"
ဇီယန် ထိတ်လန့်စွာ မေးလိုက်သည်။
"ပန်းအတုတွေ ဖြစ်နိုင်လို့လား?"
ကျန်းဟန် ရယ်ရမလား ငိုရမလားမသိတော့ဘဲ ပြန်ပြောလိုက်သည်။

"ဒါက သစ်ခွလား? အရမ်းလှတာပဲ။ အရောင်ကလည်း စိုနေတာပဲနော်။ ပုံမှန်အရောင်တွေနဲ့ တော်တော်လေးကွဲတယ်"
ဇီယန်သည် သူမ၏ရှေ့ရှိ သစ်ခွပန်းခြုံလေးကို ကြည့်ကာ ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Nơi câu chuyện tồn tại. Hãy khám phá bây giờ