အပိုင်း(၁၅၃)

382 25 1
                                    

အပိုင်း(၁၅၃) အသက်ရှူမှားလောက်သည့် အခိုက်အတန့်

"ကြည့်ရတာ မင်းက ရွှေတြိဂံဒေသနဲ့ အတော်ရင်းနီးပုံပဲ" လူစားထိုးလန်ဖုန်းက အသံတိုးတိုးဖြင့် ပြောသည်။

သူပြောလိုက်သည်နှင့် ကျောက်ဖုန်းနှင့် ဇီလုံတို့သည် နင်ရွှမ်အား လှည့်ကြည့်လိုက်ကြ၏။

"ဟားဟ..."

နင်ရွှမ်က ရယ်လိုက်ပြီး ပုံမှန်ထက်ပင်ပို၍ လန်းဆန်းတက်ကြွနေပုံပေါ်သည်။ ရွှေတြိဂံဒေသသို့ရောက်ရှိသွားသည့်အခါ သူမ၏ဟန်ဆောင်မှုများက ကွာကျသွားသည့်ပုံပင်။

ခပ်ဟဟရယ်မောလိုက်ပြီးနောက် နင်ရွှမ်သည် လန်ဖုန်းအား ကြည့်ကာ "အစ်ကိုလန်ဖုန်း ငါနင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ငါအရင်က ဒီကိုရောက်ဖူးတယ်..."

"အိုး...ဟုတ်လား" လူစားထိုးလန်ဖုန်းသည် လေးကန်စွာပြောလိုက်ပြီးနောက် တိတ်ဆိတ်သွား၏။

သူ၏မျက်နှာကို မမြင်ရသည့်အတွက် သူ၏အမူအရာကို မည်သူမျှ သတိမမူမိပေ။ သူ၏မျက်လုံးထဲမှာ တင်းမာမှု သို့မဟုတ် ဂရုဏာသက်မှုကို သူတို့မမြင်နိုင်ခဲ့ချေ။

သူသည် နားကြပ်မှတဆင့် လန်ဖုန်း၏စကားကို နားထောင်ပြး ပြန်ပြောရုံသာရှိသည်။ အကယ်၍ သူသာ ကျည်ကာအင်္ကျီမဝတ်ထားပါက သူ့ကိုယ်သူအနစ်နာခံလိမ့်မည်မဟုတ်ပေ။

"အစ်ကိုလန်ဖုန်း ငါ့ရဲ့စကားတွေကို စိတ်ထဲမထားပါနဲ့။ ငါက တခြားသူတွေနဲ့ ဘိန်းခင်းတွေကြည့်ဖို့လာရုံပါ" နင်ရွှမ်က တခစ်ခစ်ရယ်ကာ ပြောသည်။

"အင်း" လူစားထိုးလန်ဖုန်းသည် နှုတ်ခမ်းကို မပွင့်တပွင့်ဟကာ တုံ့ပြန်သည်။

သူ၏မျက်နှာအမူအရာကိုမြင်သည့်အခါ နင်ရွှယ်၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီ ရယ်ရယ်မောမောပြောလိုက်သည်။

"အစ်ကိုလန်ဖုန်း အစ်ကိုက "အင်း" "အွန်း" ပဲ ပြန်ပြောတာက အတော်ရှားပါတယ်။ ပြီးတော့ အစ်ကို့ရဲ့ ဝတ်ပုံစားပုံက လည်း အတော်လေးအံ့ဩစေတာပဲ။ ထူလွန်းတဲ့အင်္ကျီကြီးကို ဝတ်လာရုံတင်မကဘူး ဒီလောက်နေပူတဲ့ဒေသကိုလာတာ ဦးထုပ်နှစ်လုံးတောင် ဆောင်းထားတယ်။ ဖြစ်နိုင်တာက... ရှင်က လန်ဖုန်း မဟုတ်ဘူး"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora