အပိုင်း(၁၅)

629 55 0
                                    

အပိုင်း(၁၅) - စားသောက်ဆိုင်တစ်ဆိုင်ငှားရမ်းခြင်း

နောက်တစ်နေ့ မနက် ၃ နာရီတွင် ကျန်းဟန် အခန်းတံခါးခေါက်သံကြောင့် နိုးလာသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းဟန်မျက်လုံးဖွင့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူထပြီး တံခါးဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင် ရပ်နေသူမှာ မနေ့က အိမ်ကိုလာကြည့်သည့် ပထမအသုတ်ထဲက တစ်ယောက်ဖြစ်သည့် မန်နေဂျာမားဖြစ်သည်။

မျက်ကွင်းများညိုမဲနေသည့် မန်နေဂျာမားသည် တောင်းပန်သည့် လေသံဖြင့်
"မစ္စတာကျန်း ခင်များရဲ့ အနားယူမှုကို အနှောင့်အယှက်ပေးမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ ကျွန်တော်...ကျွန်တော်ခင်များကို ချွေးထုတ်ခန်းသွားပြီး စကားပြောဖို့ဖိတ်လို့ရမလား"

"မသွားဘူး" ကျန်းဟန်သည် အိပ်ရေးမဝသေးသဖြင့် တံခါးပိတ်ကာ ဆက်အိပ်ဖို့ကြံနေခြင်းဖြစ်သည်။

မန်နေဂျာမား၏မျက်နှာတွင် စိုးရိမ်သည့် အရိပ်အယောင်များ ပေါ်လွင်လာကာ

"မစ္စတာကျန်း ကျေးဇူးပြုပြီး ကျွန်တော့်ကိုအခွင့်အရးလေးပေးပါလား။ ကျွန်တော် ခင်များအိမ်ရှေ့မှာ တစ်ညလုံးရပ်စောင့်နေခဲ့တာ။ အခုပြန်အိပ်လည်း ခင်းများကို လာနှောင့်ယှက်မဲ့သူတွေ ရှိဦးမှာပဲ။ ဒါဆို ဘာလို့ ကျွန်တော်နဲ့ ချွေးထုတ်ခန်းကို မလိုက်လာရမှာလဲ။ ခင်များ အကောင်းဆုံး အနားယူနိုင်ဖို့ ကျွန်တော်အာမခံပါတယ်"

ထိုစကားကိုကြားတော့ ကျန်းဟန် မျက်ခုံးများပင့်လိုက်သည်။

စောစောထသည့်ငှက်က အစာပိုရသည် လို့ပြောကြသည်။ ဒီမန်နေဂျာမားက စောစောသာမက အလွန့်အလွန်ကိုစောလွန်းပေသည်။

ကျန်းဟန်က သူ့မျက်နှာကိုသူ လက်နဲ့ပွတ်လိုက်ပြီး

"ခင်များကျွန်တော့်ကိုစောင့်နေဦး"

တံခါးပင် မပိတ်တော့ပဲ ကျန်းဟန်အဝတ်အစားလဲရန် သူ့အခန်းထဲသို့ ပြန်သွားသည်။ ဒါကိုမြင်လိုက်တော့မှ မန်နေဂျာမား သက်ပြင်းတစ်ချက်ချလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Onde histórias criam vida. Descubra agora