အပိုင်း(၁၀၁)

417 34 0
                                    

အပိုင်း(၁၀၁)

"လက်လုပ်ခေါက်ဆွဲမဟုတ်ပါဘူး"

ကျန်းဟန်ခေါင်းယမ်းကာ ပြောသည်။

"လက်ဆွဲခေါက်ဆွဲကောင်းကောင်းလေး လုပ်မလို့ပါ"

"ဟုတ်တယ် မုန့်မုန့်က လက်ဆွဲခေါက်ဆွဲကောင်းကောင်းလေး စားချင်တယ်ဆိုလို့ သူဌေးက အဲ့ဒါကို အထူးစပါယ်ရှည်လုပ်ပေးတာ" ဘေးတစ်ဖက်ရှိ ကျောက်ဖုန်း ရယ်မောကာ ပြောသည်။

"အမ် ကျွန်မသိပြီ။ ဘာလို့များ ခေါက်ဆွဲလုပ်နေပါလိမ့်လို့ သိချင်နေတာ။ လက်စသတ်တော့ မုန့်မုန့်က ဒါကို စားချင်လို့ပဲ" လျန်မုန့်ချီ ပြောလိုက်သည်။ သူဌေးသည် မုန့်မုန့်၏တောင်းဆိုမှုမှန်သမျှကို အခြေခံ၍ လုပ်သည်။

သို့သော် သူသည် သူမတို့အား ဂရုစိုက်ခြင်းမရှိချေ။ သူမတို့ အစားအသောက်များ စိတ်ကြိုက်မှာ၍မရသေးကြောင်း လျန်မုန့်ချီသိပေသည်။

"အင်း"

ကျန်းဟန် ခေါင်းညိတ်ပြီး သူ၏လက်များကို စတင်လှုပ်ရှားလိုက်သည်။

သူသည် မုန့်စိမ်းကို လက်ဖြင့် ဆွဲလိုက်ကာ လက်ဖဝါးမှတစ်ဆက် အော်ရာများ အဆက်မပြတ် မုန့်စိမ်းပေါ်သို့ စုစည်းလာသည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး မုန့်စိမ်းကို လက်မောင်းလုံးခန့်အထူရှိသည့် ဆလင်ဒါပုံစံ ဆွဲဆန့်လိုက်သည်။

ကျန်းဟန် စတင်သည်နှင့် အခန်းထဲရှိ မျက်လုံးများသည် တဖြည်းဖြည်း စုစဉ်းသွားကြသည်။

ကျန်းဟန် ချက်ပြုတ်နနေသည့်အချိန်တိုင်း သူတို့အမြဲတမ်း တစ်ခဏတာ စောင့်ကြည့်ကြသည်။ အကြောင်းမှာ ကျန်းဟန်၏လှုပ်ရှားမှုများသည် သူတို့အတွက် ရိုးရှင်းစွာဖြင့် အနုပညာဆန်နေသောကြောင့်ပင်။

လူများ၏မျက်လုံးထဲတွင် ကျန်းဟန်၏လက်များက မတူကွဲပြားသည့် ကြိမ်နှုန်းများဖြင့် လှုပ်ရှားနေသည်။

လက်ဝါးပေါ်ရှိ မုန့်စိမ်းသည် စတင်လည်လာပြီး ပင်လယ်ထဲတွင် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့် ရေဝဲတစ်ခုကဲ့သို့ လှည့်ပတ်မှုနှုန်းက ပိုပိုမြန်လာပြီး မုန့်စိမ်းသည် တဖြည်းဖြည်း ပို၍ ပို၍ ကောင်းမွန်လာသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now