အပိုင်း(၁၇၂)

354 25 0
                                    

အပိုင်း(၁၇၂) ဟန်ဂေရီသိုးဝက်

"ဟီးဟီး..."

လျန်မုန့်ချီသည် ကျောက်ဖုန်း ထိုသို့တရင်းတနီးပြောဆိုသည့်အသုံးအနှုန်းများကို နောက်ဆုံးတွင်တော့ စိတ်ထဲမထားတော့ပေ။ သူမသည် ခေါင်းကိုညိတ်ကာ "အိုကေ ကျွန်မတို့ စောင့်နေမယ်" ဟု ပြောလိုက်၏။

သူမသည် ထိုင်ခုံတွင် အမြန်ပြန်ထိုင်ကာ စားပွဲပေါ်လက်တင်ရာ လိမ္မာကျိုးနွံသည့် ကျောင်းသူလေးတစ်ယောက်နှင့်ပင် တူနေသေးသည်။

"ကောင်းတယ် ကောင်းတယ်။ ဟားဟ.. ကျေးဇူးပါသူဌေး။ သူဌေးအသက်ရှည်ပါစေရှင်" ယူချင်းချင်းသည် ထိုင်ခုံဆီသို့ ပြန်လာရင်း လောကွတ်စကား လှမ်းအော်ပြောသည်။

"နင်အသားကြိုက်မှန်း ငါဘာလို့ သတိမထားမိပါလိမ့်" ကျောက်ဒါဟူက ပြုံးသည်။

"အင်း..အဲ့ဒါက ဟင်းချက်တဲ့အပေါ်မူတည်တယ်။ ငါတို့သူဌေးရဲ့အသားက အရသာအကောင်းဆုံးပဲလေ။ အဲ...မှားလို့...ဆောရီး...သူဌေးမွေးထားတဲ့ အကောင်တွေရဲ့အသားကို ပြောတာ ဟီးဟီး...၊ သူဌေးရဲ့လက်ရာက အမြဲတမ်း အရသာရှိတယ်" ယူချင်းချင်းက စိတ်လှုပ်ရှားပျော်ရွှင်စွာ ပြန်ဖြေသည်။

သူမ၏ ပြောင်စပ်စပ်အမူအရာကိုမြင်သည့်အခါ စွန်းမင်နှင့်သူ၏အမေမှာ ခေါင်းကိုယမ်း၍ ရယ်လိုက်ကြသည်။

"မင်းမှန်တယ်" ပီရာဆန်သည် မီဖိုချောင်ကောင်တာပေါ်ရှိ အသားများကို စိုက်ကြည့်နေရာမှ အနည်းငယ်ပြန်၍ သတိဝင်လာသည်။ အစားအသောက်များကို မှတ်ချက်ပေးသည့်အချိန်တွင် သူ၏အသံမှာ ခံစားချက်များဖြင့် ပြည့်လွှမ်းလာ၏။

"အသားအရောင်ကို ကြည့်ခြင်းအားဖြင့် အရည်အသွေးက အကောင်းဆုံးဖြစ်မယ်ဆိုတာ မြင်နိုင်တယ်။ အဲ့ဒါက အဆင့် ၅ အေ ထက် ဘယ်နည်းနဲ့မှ မနည်းနိုင်ဘူး"

"ဒီအသားက သေချာပေါက် အဆင့် ၅ အေ ထက်ကို ကျော်မှာပဲ" ကျောက်ဖုန်းက ပီရာဆန်အား စိုက်ကြည့်ကာ မကျေမနပ်လေသံဖြင့် ပြောသည်။

"မင်းက အဆင့် ၅ အေ ရဲ့အရည်အသွေးကို လျှော့တွက်နေတာပဲ။ အသားရဲ့ အမြင့်ဆုံးအရည်အသွေးက ၅ အေပဲ။ ၅ အေထက်ပိုမြင့်တဲ့ အသားရယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး" ပီရာဆန်က ခေါင်းကိုယမ်းကာ ခွန်းတုံ့ပြန်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now