အပိုင်း(၁၂၄)

383 29 0
                                    

အပိုင်း(၁၂၄) နောက်ဆုံးတော့ တိုက်ခိုက်မှုစတင်ပြီ

မားချန်၏မျက်နှာမှာ ချက်ချင်း တင်းမာသွားသည်။ သူက ကျန်းဟန်အား ဘုကြည့်ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းရှုပ်သွား၏။

ပုံမှန်ဆိုပါက ဘယ်လိုအချိန်အခါအခြေအနေမျိုးပဲဖြစ်ဖြစ် တခြားသူများ၏ ပါတီကို ဝင်ပါသည့်သူများမှာ 'ငါမင်းကို လေးစားမှုမရှိဘူး' ဟူ၍ ပြောမှာ မဟုတ်ကြပေ။ သို့သော် သည်ကောင်ကတော့ ခေါင်းညိတ်ကာ ဝန်ခံလေသည်။

"မင်း ငါတို့ကို အထင်သေးတာလား"

မားချန်က သူ့အား စူးရဲစွာစိုက်ကြည့်ရင်း မေးသည်။ ဒေါသအရှိန်အဟုန်များက သူ၏ခေါင်းရှုပ်သော ခံစားချက်များနေရာတွင် အစားထိုးဝင်ရောက်လာ၏။

"အဲ့တော့ ဘာဖြစ်လဲ"

ကျန်းဟန်က တည်ငြိမ်စွာပင်ပြောသည်။

သူပြောလိုက်သည့်နှင့် လေထုက ချက်ချင်းပင် အေးခဲသွား၏။

မွေးနေ့ရှင်မိန်းကလေး လျိုလုနှင့် အခြားသူငယ်ချင်းများပင် အလွန်မကျေမနပ်ဖြစ်သွားကြသည်။

"ကောင်းတယ်"

မားချန်က သူ၏အဖော်များကို မျက်လုံးပြူးကာ ကြည့်လိုက်ပြီး

"အရမ်းကောင်းတယ်။ အန်နာ မင်းရဲ့သူငယ်ချင်းက တကယ်ကို တစ်ခုခုပဲ။ သူများရဲ့မွေးနေ့ပါတီကိုလည်း လာသေးတယ်။ သူများကို အထင်သေးတယ် လို့လည်းပြောသေးတယ်။ မင်းဘာကို ဆိုလိုတာလဲ။ မင်းက ဘာကြောင့် အဲ့လောက် မောက်မာနေတာလဲ။ မင်းရဲ့နောက်ခံက ဘာမလို့လဲ။ ငါကိုပြောစမ်းပါ။ မင်းဘာကြောင့် ဒီလောက်ထိ ယုံကြည်မှုတွေရှိနေရတာလဲဆိုတာ ကြည့်ရအောင်"

ထိုစကားများကို ပြောရင်း မားချန်က ကျန်းဟန်အား မှုန်မှိုင်းစွာ ကြည့်နေသည်။ မားချန်၏စိတ်သဘောထားအရ အကယ်၍ ကျန်းဟန်က သူ့အား အဖြေမပေးပါက ဒေါသပေါက်ကွဲတော့မည်ဖြစ်သည်။

"ကောင်းပြီ ကောင်းပြီ"

တကယ်တမ်းတွင် ကျန်းဟန်၏စကားများက လီအန်းနာကို အတော်လေး လန့်ဖျပ်သွားစေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Donde viven las historias. Descúbrelo ahora