အပိုင်း(၁၂၆)

390 29 0
                                    

အပိုင်း(၁၂၆) ရက်စက်သည့်ရိုက်ချက်

"ဟားဟားဟား..."

ကင်းမြီးကောက်က အားရပါးရရယ်ကာ ဆိုဖာပေါ်သို့ ပြန်၍ ထိုင်လိုက်ပြီး နှေးကွေးစွာ ပြောလိုက်သည်။

"စတော့"

သူပြောပြီးသည့်နောက်တွင် လျိုလုနှင့် ကျန်နှစ်ယောက်မှာ မလှုပ်မယှက်ဖြစ်နေ၍ ကင်းမြီးကောက်၏လူများက အော်ဟစ်ပြောဆိုကြသည်။

"ကလေ လုပ်စမ်းပါ"

"ငါပြောလိုက်မယ်။ မင်းတို့ကောင်းကောင်းမကရင် ဒီနေ့ မင်းတို့တစ်ယောက်မှ ဒီကနေထွက်သွားလို့မရဘူး"

"မင်းတို့ ကောင်းကောင်းမကဘူးဆိုရင် မင်းတို့ကို အိပ်ယာပေါ်မှာ ထရိန်နင်ပေးပြီး ကြည့်ရှုသူသန်းချီအောင်ရတဲ့ ဗီဒီယိုတစ်ပုဒ်ရိုက်ဖို့လည်း စိတ်မရှိဘူးနော်"

"..."

ထိုစကားများကို ကြားသည့်အခါ သူမတို့အားလုံး မျှော်လင့်ချက်ပျောက်ဆုံးသွားကြသည်။

ဘာလုပ်ရမလဲ...ဘာလုပ်ရမလဲ။

လီအန်နာမှာ ငိုလုနီးပါးပင်ဖြစ်နေသည်။ ဒီနေ့ ဤကဲ့သို့ ရှုပ်ထွေးပွေလီသည့်နေရာကို လာခဲ့မိသည့်အတွက် နောင်တရသော်လည်း အရာအားလုံးက ဖြစ်ပျက်ပြီးနေပြီဖြစ်၍ နောင်တရနေခြင်းက နည်းလမ်းမဟုတ်ပေ။ မကပါက သူမတို့၏အပျိုစင်ဘဝကို အာမခံနိုင်မည် မဟုတ်တော့။

လီအန်းနာသည် သူမကြည့်ခဲ့ဖူးသည့် ဗီဒီယိုများတွင် အဖော်အချွတ်အကမယ်များမှာ အပေါ်အင်္ကျီကိုချွတ်ပြီး ဆက်စီအတွင်းခံကိုသာ ဖော်ပြထားသည်ကို ပြန်သတိရမိပြီး အနည်းငယ် ခံစားချက်ပိုကောင်းလာသည်။ ဤသို့ဆိုပါက သူမ ဘီကီနီဝတ်ထားသည်ဟု စိတ်ထဲမှတ်ယူထားရမည်။

သို့သော်လည်း သူမ၏အတွေးများက ရိုးစင်းလွန်းလှ၏။ သူမရှေ့မှ လူများမှာ ထိုသို့လုပ်ဆောင်ရန်အတွက် မလွယ်ကူလှချေ။

စဉ်းစားနေစဉ်တွင် သူမနှင့်ကျန်နှစ်ယောက်အား ကင်းမြီးကောက်၏လူများက ရှေ့သို့တွန်းပို့သည်။

"ကစမ်း"

"အင်္ကျီတွေချွတ်"

လူအုပ်ကြီး၏အကြည့်များအောက်တွင် သူမတို့သုံးဦးမှာ တစ်ကိုယ်လုံးတုန်ရီကာဖြင့် အဝတ်အစားများဆီသို့ လက်များရောက်ရှိလာကြ၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Tahanan ng mga kuwento. Tumuklas ngayon