အပိုင်း(၁၄၂)

377 31 0
                                    

အပိုင်း(၁၄၂) လူအများကို ဒေါသထွက်စေခြင်း

"မဟုတ်ဘူး" ယူချင်းချင်းမှာ အော်လိုက်ကာ မတ်တပ်ထရပ်ပြီး ပီရာဆန်အား ဒေါသတကြီးစိုက်ကြည့်ကာ

"အဖွဲ့ဝင်တွေရဲ့ ဟင်းပွဲကိုစားရတာနဲ့တင် ရှင်တော်တော်လေးကျေးဇူးတင်သင့်နေပြီ။ ရှင့်ရဲ့ကံကို ဘယ်လိုတောင် ပြောင်းပြန်လှန်ချင်ရတာလဲ။ သူဌေး သူ့ကို ထားလိုက် သူဌေးလုပ်စရာရှိတာသာ လုပ်ပါ။ ငန်းမဆလာတွေကိုတော့ အကုန်ယူမသွားရဘူးနော်"

အသားအကြိုက်ဆုံးဖြစ်သည့် ယူချင်းချင်းသည် မျက်စိရှေ့ရောက်ပြီးသား ငန်းမဆလာဟင်းကို လက်လွတ်မခံနိုင်ပေ။

"အာ..." ပီရာဆန်မှာ ကျန်းဟန်အား နာကျင်စွာကြည့်ကာ

"သူဌေး ကျွန်တော် နည်းနည်းလေးမြည်းကြည့်လို့ရမလား။ နည်းနည်းလေးပဲလေ"

"သူဌေး။ တကယ်တော...တကယ်တော့...ကျွန်မလည်း နည်းနည်းမြည်းကြည့်ချင်တယ်" လျန်မုန့်ချီက တိုးတိုးလေးပြောသည်။

"သူဌေး အာ... ကျွန်တော်တော့ မစားတော့ပါဘူး။ ဒါပေမယ့် အဖေ့ကို အသည်းလေး တစ်တုံးလောက် ပေးချင်တယ်" စွန်းဒုန်ဟမ်က ရှက်ရွံ့စွာပြောသည်။

ပီရာဆန် ပြောခဲ့သည့်အတိုင်းပင် ငန်းအသည်း၏တန်ဖိုးကို သူလည်း သိရှိပေသည်။ ငန်းအသည်းသည် ပြင်သစ်ငန်းအသည်းထက် နိမ့်ကျခြင်းမရှိလဲ အကောင်းဆုံးအရည်အသွေးဖြစ်ကြောင်း ပီရာဆန်၏လေသံက သက်သေပြခဲ့သည်။

ထို့ကြောင့် စွန်းဒုန်ဟမ်က သူ့အဖေအား မြည်းစမ်းကြည့်စေချင်သည်။ သူ၏ဖခင်မှာ မည်သည့်အချိန်ထိ အသက်ရှင်နိုင်မည်မှန်း မသိသဖြင့် သူ၏ဖခင်ကို အရသာရှိသည့် အစားသောက်များ ပို၍ မြည်းစမ်းကြည့်စေချင်သည်က သဘာဝကျပေသည်။

ကျန်းဟန် ထိုလူများကို တစ်ချက်ကြည့်လိုက်၏။ စိတ်အားထက်သန်မှုများဖြင့် ပြည့်နေသည့် သူတို့၏မျက်လုံးများကို တွေ့လိုက်ရပြီးနောက် သူသည် ပြုံးကာ

"ခင်ဗျားတို့အတွက် တစ်ယောက်ကို ငန်းအသည်းတစ်တုံးစီ ချန်ပေးခဲ့မယ်"

ဤအဖွဲ့ဝင်များမှာ ကျန်းဟန်အား လေးစားမှုရှိကြပြီး ၎င်းတို့အနက် စွန်းမင်၊ လျန်မုန့်ချီတို့မှာ မုန့်မုန့်အား ကောင်းကောင်းဆက်ဆံခဲ့သည်။ စွန်းမင်သည် လာသည့်အချိန်တိုင်း မုန့်မုန့်အတွက် လက်ဆောင်လေးများ ယူလာပေးခဲ့ပြီး လျန်မုန့်ချီသည် အခွင့်အရေးရတိုင်း မုန့်မုန့်နှင့် အတူတူကစားပေးသည်။ ထို့ကြောင့် ကျန်းဟန်က သူတို့အား ပြန်၍ လေးစားမှုပြသရပေမည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Onde histórias criam vida. Descubra agora